အပူလောင်ခြင်းအတွက် သဘာဝဆေးများ

ဟင်းချက်တဲ့အခါဖြစ်ဖြစ် အကြော်အလှော် လုပ်တဲ့အခါခါဖြစ်ဖြစ် မီးအပူဟပ်တာမျိုး အပူလောင်တာမျိုးဟာ ကြုံတွေ့နေကျပါ။ ရေဆေးချပြီး သွားတိုက်ဆေးလိမ်းပေးတာမျိုးဟာ အရမ်းသေးငယ်တဲ့ အနာအတွက်သက်သာစေပေမယ့် နည်းနည်းပြင်းလာရင်တော့ အရေပြားနီခြင်း၊ ညိုခြင်းတို့အထိ ဖြစ်လာတတ်ပါတယ်။အဲ့ဒီလိုဖြစ်လာတဲ့အခါမှာတော့ အခုဖော်ပြမယ့် သဘာဝဆေးလေးတွေကိုအသုံးပြုလို့ရပါတယ်။

ပျားရည်

ပျားရည်ဟာ သဘာဝဖြစ်ထဲက အရေးပါ အသုံးဝင်ဆုံးဖြစ်တယ်။အစားအစာမှာရော၊ အလှအပရေးရာမှာရော ပျားရည်က ပင်မဆေးဖက်ဝင်ပစ္စည်းအဖြစ် ပါဝင်နေတယ်။ အရေပြားယောင်ယမ်းခြင်းကို ကာကွယ်တားဆီးပေးတဲ့ဓာတ်အပြင် ပိုးမွှားတွေကိုလည်းတိုက်ဖျက်ပေးပါတယ်။ ပျားရည်ကို လိမ်းပေးခြင်းဖြင့် အနာကိုပိုးသတ်ပေးနဲ့အပြင် နာကျင်မှုလျော့နည်းစေပြီး အမာရွတ်လည်း ပါးသွားစေပါတယ်။ တခြားပဋိဇီဝ ဆေးတွေထက် ပျားရည်ဟာ အချိန်တိုအတွင်း သက်သာစေတယ်လို့ လေ့လာအတည်ပြုထားပါတယ်။

honey

ရှားစောင်းလက်ပက်

အရေပြားအတွက် အင်မတန်အကျိုးပြုတဲ့ ဆေးဖက်ဝင်တစ်မျိုးပါ။ ယခင်က သာမန် အသေးစားအပူလောင်ခြင်း (နေလောင်ခြင်း)မျိုးကိုသာ သက်သာစေတယ်ဆိုပေမယ့် လေ့လာတွေ့ရှိချက်အရ အနည်းငယ်ပြင်းထန်တဲ့ အပူလောင်ခြင်း၊ ယောင်ယမ်းခြင်းမျိုးကိုလည်း အလျင်အမြန်သက်သာစေပါတယ်။ သူ့မှာ သဘာဝရေဓာတ်ပါဝင်တာကြောင့် လောင်ကျွမ်းနာတွေကို တဖြည်းဖြည်း ပျောက်ကင်းစေပြီး အသားအရေကိုနူးညံ့ချောမွတ်လာစေပါတယ်။

15218290_375999792733819_768333465_n

ရှာလကာရည်

ရှာလကာရည်မှာလည်း အနာသက်သာစေတဲ့အပြင် အရေပြားကိုစေ့ပြီးသွေးတိတ်စေတဲ့ အာနိသင်ပါဝင်ပါတယ်။ တစ်နည်းအားဖြင့် ပိုးသတ်ဆေး အနေနဲ့သုံးလို့ရပါတယ်။ သာမန်အပူလောင်နာအတွက်ဆိုရင်တော့ ရှာလကာရည်ထဲကို ရေဆတူရောပါ။ ထိုအရည်ထဲကို အဝတ်သန့်စိမ်ပြီး အနာပေါ်သုတ်ပေးခြင့်ဖြင့် ကုသလို့ရပါတယ်။venigar