အသက်ကြီးလာလို့ ဝလာတတ်ကြပါတယ်။ တကယ်တော့ အသက်အရွယ်ကြောင့်လည်းပါသလို ကိုယ့်ရဲ့ နေထိုင်မှုပုံစံမမှန်တာကြောင့်လည်း ဝလာတတ်ကြပါတယ်။

စတော်ဘယ်ရီ၊ ပန်းသီးနဲ့ ကြက်သွန်နီ

Flavonoid ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို များများစားပေးရင် ကိုယ်အလေးချိန်ကို ထိန်းပေးထားရာရောက်ပါတယ်။

Flavonoid ဓာတ်အဓိကပါဝင်တဲ့ အစားအစာများမှာ စတော်ဘယ်ရီ၊ ပန်းသီးနဲ့ကြက်သွန်နီတို့ဖြစ်ပါတယ်။

အဲ့ဒီအပြင် စပျစ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ ချယ်ရီသီး စသည်တို့မှာလည်း Flavonoids ဓာတ်ပါဝင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို အမြဲပြုလုပ်ပေးပါ

ဇီဝကမ္မဖြစ်စဉ်က အသက်ကြီးလာတဲ့အခါမှာ ပိုနှေးသွားတတ်ပါတယ်။ ဒါ့ကြောင့် အဆီဖျက်နှုန်းပိုနည်းသွားပြီး အဆီတွေပိုစုသွားတတ်ပါတယ်။

ကိုယ်အလေးချိန်တက်တာကိုရှောင်ကြဉ်နိုင်ဖို့ အားကစားပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။

အားကစားလုပ်ရင် သင့်ရဲ့ကြွက်သားနဲ့ အဆစ်အမြစ်တွေ သန်မာစေပြီး အိုမင်းရင့်ရော်မှုကိုလည်း နှေးစေပါတယ်။

ဦးနှောက်ကို အမြဲသုံးပါ

စာဖတ်တာ၊ Chess ကစားတာ စတာတို့လုပ်ပေးပြီး ဦးနှောက်ကို အမြဲသုံးနေပါ။ ဒါဆိုရင် အသက်အရွယ်ကြီးမြင့်မှုကြောင့် မှတ်ဉာဏ်အားနည်းတာတို့ကိုကာကွယ်နိုင်ပါတယ်။

ကျန်းမာရေးကို အမြဲစစ်ဆေးပါ

အသက်အရွယ်ကြီးမြင့်လာရင် အရိုးပွလာတာနဲ့သွေးတိုးရောဂါအဖြစ်များပါတယ်။ ပုံမှန် ဆေးစစ်ပေးရင် နေ့စဉ်နဲ့အမျှ ကျန်းမာသန်စွမ်းစေပါတယ်။ သင့်ကိုလည်း ပိုပြီး ပျော်ရွှင်စေပါတယ်။