ငှက်ပျောသီးက ဈေးလည်းသက်သာပြီး အရသာရှိတဲ့ အသီးတစ်မျိုးပါ။ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာမင်ဓာတ်နဲ့ကွန်ပေါင်းဓာတ်တွေလည်း အများကြီးပါဝင်နေပါတယ်။

အကျိတ်တွေကို ကာကွယ်ပေး

ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ စပျစ်သီး၊ ထောပတ်သီး နဲ့ နာနတ်သီးရဲ့ အကျိုးကျေးဇူး

ကင်ဆာရောဂါတွေက အကျိတ်ကနေတစ်ဆင့် ဖြစ်လာကြတာများပါတယ်။ ငှက်ပျောသီးမှာ ပရိုတင်းဓာတ်တွေပါဝင်တာကြောင့် အကျိတ်တွေဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။ မှည့်တဲ့ ငှက်ပျောသီးတွေမှာ ပရိုတင်းဓာတ်တွေ ပိုပြီး ပါဝင်ပါတယ်။

ကြွက်တက်တာကို ကာကွယ်ပေး

ကြွက်သားတွေနာကျင်တာ၊ ကြွက်တက်တာတွေက သတ္တုဓာတ်မလုံလောက်မှုကြောင့် ဖြစ်လာတတ်ပါတယ်။ ငှက်ပျောသီးမှာ ပိုတက်ဆီယမ် နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေပါဝင်တာကြောင့် ကြွက်သားနာကျင်တာနဲ့ ကြွက်တက်တာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အားကစားသမားတွေ ပိုပြီး စားပေးသင့်ပါတယ်။

ကျောက်ကပ်ရောဂါကို ကာကွယ်ပေး

ပိုတက်ဆီယမ်ဓာတ်လုံလောက်ရင် ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးနိုင်ပါတယ်။ ငှက်ပျောသီးကို ပုံမှန်စားပေးရင် ကျောက်ကပ်ထဲမှာကျောက်တည်မှုနှုန်း ၄၀ ရာခိုင်နှုန်းကို လျော့ချပေးပါတယ်။

သွေးတိုးရောဂါရှိသူများ

သဘာ၀ နည်းလမ်းဖြင့် သွေးတိုးကျစေဖို့

သွေးတိုးရောဂါရှိပြီး နှလုံးအားနည်းသူတွေအတွက် ပိုတက်ဆီယမ်ဓာတ်များတဲ့ အစားအစာတွေ စားသင့်ပါတယ်။ ပိုတက်ဆီယမ်ဓာတ်များတဲ့ အစားအစာကို နေ့စဉ် 1.3 ဂရမ်လောက် စားသုံးပေးရင် နှလုံးရောဂါဖြစ်ပွားမှုကို ၂၆ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ပါတယ်။

ပိုတက်ဆီယမ်ဓာတ် 1.3 ဂရမ်ရရှိဖို့ တစ်နေ့ကို ငှက်ပျောသီး ၂ လုံးကနေ ၃ လုံးလောက်စားပေးသင့်ပါတယ်။

အစာအိမ်ရောဂါ

အစာအိမ်မှာ အက်ဆစ်ထွက်တာများသူတွေကလည်း ငှက်ပျောသီးကို စားပေးသင့်ပါတယ်။ ငှက်ပျောသီးမှာ အစာအိမ်ထဲမှာ Mucus တွေပိုထွက်စေတဲ့ အန်ဇိုင်းပါဝင်တာကြောင့် အစာအိမ်နံရံမှာ အနာဖြစ်တာကို ကာကွယ်ပေးပါတယ်။

အားအင်တွေရရှိ

ငှက်ပျောသီးမှာ ဗီတာမင်၊ သတ္တုဓာတ် တွေကြွယ်ဝစွာပါဝင်တာကြောင့် ကစီဓာတ်တွေကို အလွယ်တကူ ခြေဖျက်နိုင်ပြီး အားအင်တွေ ပေးစွမ်းနိုင်ပါတယ်။