ကြက်မောက်သီးရဲ့ မူလဇစ်မြစ်ဟာ အင်ဒိုနီးရှားကလို့ လေ့လာရပြီး အခုဆိုရင်တော့ အာရှနိုင်ငံအတော်များများကို ရောက်ရှိနေပါပြီ။ ကြက်မောက်သီးဟာ အရွယ်သေးပြီး ဆူးတွေလို အမွှေးတွေ ဖုံးအုပ်ထားတဲ အသီးဆိုတာ မြင်ဖူးကြမှာပါ။ လိုင်ချီးသီးနဲ့ ဆင်တာကိုလည်း သတိထားမိကြမှာပါ။

ကြက်မောက်သီးဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးဖြစ်ပြီး သရေစာအဖြစ် စားဖို့သင့်တော်တဲ့ အသီးတစ်မျိုးပါ။ ဒီလို နွေရာသီမှာ ရေခဲသေတ္တာထဲ အခွံနွှာ ထည့်ထားပြီး စားရင် အေးအေးလေးနဲ့ အလွန် အရသာ ရှိပါတယ်။ သူ့ရဲ့ ကောင်းကျိုးတွေကတော့ တခြားအသီးတွေလိုပါပဲ။ သင် မသိသေးတဲ့ အချက်တွေလည်း ရှိကောင်း ရှိပါလိမ့်မယ်။

  • ကြက်မောက်သီးဟာ ရေဓာတ်ပြည့်ဝတဲ့ အသီးဖြစ်လို့ သင်အသားအရေကို နူးညံ့ပျော့ပြောင်းစေပါတယ်။ အရေပြား အတွက် လိုအပ်တဲ့ ရေဓာတ်ကို အမြင့်ဆုံး ဖြည့်ပေးနိုင်စွမ်း ရှိတာကြောင့် နူးညံ့စေတာပါ။

  • ကြက်မောက်သီးမှာ အမျှင်ဓာတ် ကောင်းမွန်စွာ ပါဝင်တဲ့ အတွက် ကယ်လိုရီကို နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ပေးပါတယ်။ ကြက်မောက်သီးစားပြီး ရေသောက်ခြင်းဟာ ကိုယ်အလေးချိန် ထိန်းသူတွေ အတွက်တော့ သတင်းကောင်းပါ။ ကြက်မောက်သီးမှာ အမျှင်ဓာတ်နဲ့ ရေဓာတ် အတော်များများ ပါဝင်တဲ့ အတွက် စာလောင်ခြင်းကို လျော့ချပေးပါတယ်။

  • ကြက်မောက်သီးရဲ့ ကာဗွန်ဟိုက်ဒရိတ်နဲ့ ပရိုတိန်းတွေဟာ ရောဂါဖြစ်ပွားစေမှုကို လျော့ချစေပြီး စွမ်းအင်ကိုလည်း ရစေနိုင်ပါတယ်။
  • ဒါ့အပြင် အူလမ်းကြောင်းမှာ ရှိတဲ့ မကောင်းတဲ့ ပိုးတွေကို သေစေနိုင်ပြီး ဝမ်းပျက်ခြင်းကို သက်သာစေပါတယ်။

ကြက်မောက်သီးတင်မကဘဲ ကြက်မောက်သီးရဲ့အစေ့ပါ အသုံးဝင်ပါသေးတယ်။ အစေ့ကို စားခြင်းအားဖြင့် ကိုယ်တွင်း အဆီတွေကို ချပေးနိုင်တဲ့အပြင် မျက်နှာ အသားအရေကိုလည်း ကောင်းမွန်စေပါတယ်။ ကြက်မောက်သီးနဲ့ ဓာတ်မတည့်သူတွေအနေနဲ့တော့ မစမ်းသပ်ပါနဲ့။ ဆီးချိုသမားတွေအတွက်တော့ အစေ့ကို လှောင်ပြီး ရေအေးနဲ့ သောက်ရင် ဆေးချိုတက်တာ သက်သာလာစေနိုင်ပါတယ်။
အားလုံးပဲ ကျန်းမာအသက်ရှည်ကြပါစေ။