ကျွန်ုပ်တို့ ခန္ဓာကိုယ်က ဘာဓာတ်တွေ လိုအပ်နေလဲဆိုတာကို ပြောပြနေတဲ့ အချက်တွေ၊ ဘာသာစကားတွေ ရှိပါတယ်။

ညအိပ်မပျော်၊ စိတ်တိုလွယ်၊ ခြေထောက်ကြွက်သားနာ

သင့်ခန္ဓာကိုယ်က ပြောပြနေတဲ့ ကျန်းမာရေးအကြောင်း

အကယ်၍ သင့်မှာ အဲ့လို လက္ခဏာတွေ ရှိနေပြီဆိုရင် သင့်ခန္ဓာကိုယ်က မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ဓာတ်တွေ လိုအပ်နေပါတယ်။ ဒီဓာတ်တွေ ဖြည့်တင်းဖို့အတွက် ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ ငှက်ပျောသီး နဲ့ Spinach ရွက် တို့ စားသင့်ပါတယ်။

အသားအရေတွေ ခြောက်နေရင်

14609960-25586810-11-13ImageCollage--0-1496308438-1496308441-0-1496649783-0-1496653990-1496653996-650-1-1496653996-650-75d68da311-1496834646

အသားအရေတွေ ခြောက်နေရင် ဗီတာမင် E ချို့တဲ့နေလို့ပါဘဲ။ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ အခွံမာသီးတွေနဲ့ ငါးတွေ စားသင့်ပါတယ်။

အချိုစားချင်ရင်

14610010-25586910-10-13ImageCollage--0-1496307947-1496307950-0-1496649817-0-1496654009-1496654017-650-1-1496654017-650-43019c72fa-1496834646

သင့်မှာ အချိုစားချင်စိတ်ဖြစ်လာရင် စိတ်ဓာတ်ကျ၊ စိတ်ဖိစီးမှု နဲ့ ပင်ပန်းနွမ်းနယ်မှု ရုတ်တရပ်ဖြစ်လာရင် ခန္ဓာကိုယ်က ကလိုးကို့စ်ဓာတ်လိုအပ်လာလို့ပါဘဲ။ ကိုယ်အလေးချိန်မတက်ချင်ဘဲ ကလိုးကို့စ်ဓာတ်ကို ရချင်ရင် ချောကလပ်အမည်းနဲ့ ပျားရည်တို့ လိုအပ်ပါတယ်။

ရေခဲစားချင်ရင်

14610060-25587010-9-13ImageCollage--0-1496307419-1496307423-0-1496649838-0-1496654027-1496654032-650-1-1496654032-650-e82c36687c-1496834646

ရေခဲစားချင်တဲ့စိတ်တွေ ရုတ်တရပ်ပေါ်လာရင် သင့်ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့နေလို့ဖြစ်ပါတယ်။ ဒီလိုဆိုရင် အမဲသား၊ ကြက်ဥ တို့ကို စားသုံးပေးသင့်ပါတယ်။ အကယ်၍ သင့်မှာ ရေခဲစားချင်စိတ်ဖြစ်ပြီး အားမရှိတော့သလို ခံစားရရင် ဆရာဝန်ကို ပြသသင့်ပါတယ်။

သွားသွေးထွက်ရင်

14610110-25587110-15-2-0-1496393412-1496393430-0-1496649855-0-1496654043-1496654048-650-1-1496654048-650-9699670fe8-1496834646

သင်သွားတိုက်ရင်းနဲ့ သွေးကြားထဲကနေ သွေးတွေ ထွက်လာရင် ဗီတာမင် စီဓာတ်ချို့တဲ့လို့ဖြစ်ပါတယ်။ အချည်သီးတွေ၊ ဟင်းနုနွယ်ရွက်၊ ငရုတ်ပွသီး၊ ခရမ်းချဉ်သီး ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ နှင့် ပန်း ဂေါ်ဖီစိမ်းတို့ကို စားပေးသင့်ပါတယ်။