ငရုတ်သီးစိမ်ဆိုတာနဲ့ တရှူးရှူး မျက်ရည်တရွှဲရွှဲ ဖြစ်စေမယ့်အစားအစာလို့သာ မြင်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်း ကြိုက်နှစ်သက်သူအဖို့တော့ ခံတွင်းမြိန်စေတာပေါ့။ အမှန်တကယ်ဆို ငရုတ်သီးစိမ်းဟာ ရေဓာတ်ပါဝင်ပြီး Cholesterol ကင်းတဲ့ အတွက် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

ငရုတ်သီးစိမ်းထဲမှာ ဗီတာမင် C ၊ ဗီတာမင် B6 ၊ ဗီတာမင် A ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကော့ပါး တို့အပြင် ပရိုတင်းနှင့် ကာဗိုဟိုက်ဒရိတ် ဓာတ်အနည်းငယ်ပါဝင်ပါတယ်။ ပူစပ်ရခြင်းမှာလည်း Capsaicin လို့ခေါ်တဲ့ အပူ၊အစပ် အရသာဖြစ်ပေါ်စေတဲ့ ဓာတ်တစ်မျိုး ပါဝင်တာကြောင့်ပါ။ငရုတ်သီးစိမ်းဟာ အစာချေအဖွဲ့အစည်းအတွက် အထောက်အကူပြုတယ်ဆိုတာကိုလည်း လူသိနည်းပါတယ်။ ငရုတ်သီးစိမ်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများထဲက အရေးပါဆုံး အကျိုးကျေးဇူး လေးမျိုးကိုဖော်ပြလိုက်ပါတယ်။

၁။အသားအရေ အတွက်

ငရုတ်သီးစိမ်းဟာ Vitamin C ကြွယ်ဝတဲ့အတွက် ဟင်းလျာထဲမှာ ဖြစ်စေ အစိမ်းလိုက်ဖြစ်စေ ထည့်ပြီးစားသုံးခြင်းအားဖြင့် အသားအရေကို ကျန်းမာစေပြီး ဝင်းပစေပါတယ်။

15303799_377514329249032_1071757026_o

၂။ အစာခြေစနစ်အတွက်

ဗီတာမင် C ကြွယ်ဝနေခြင်းအတွက် အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်ကို ကူညီပံပိုးပေးတယ်။ ဝါးစားတဲ့အခါ တံတွေးထုတ်လုပ်နိုင်စေတဲ့ မည့်သည့်အစားအစာမဆို အစာချေစနစ်ကို ပံ့ပိုးပေးပါတယ်။

15240095_377514239249041_994961606_n

၃။ကိုယ်အလေးချိန် လျော့ချရေးအတွက်

ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်ရှိ ပိုလျှံတဲ့ အဆီတွေကို ဖယ်ရှာပေးတဲ့အတွက် ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင်းပေးတာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အပံပေးပါတယ်။

15301115_377514319249033_36068255_n

၄။ ဆီးချိုရောဂါအတွက်

ဆီးချိုရောဂါရှင်တွေရဲ့ နေ့စဉ်စားသုံးမှုစနစ်မှာ ငရုတ်သီးစိမ်းဖြည့်စားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်ရှိ အချိုဓာတ်ကို ထိန်းညှိပေးသောကြောင့်ဖြစ်ပါတယ်။

15232221_604300663088753_7878995343521534180_n

ငရုတ်သီးစိမ်း ကြောက်တတ်သူတွေ ဒီဆောင်းပါးဖတ်ပြီး အရဲစွန့်စားမိမယ်လို့ မျှော်လင့်မိပါတယ်။