ကမ္ဘာပေါ်မှာ စားစရာသစ်သီးဝလံများအမျိုးအစားစုံလင်လှသလို၊ ဆေးဘက်ဝင်သစ်သီးများလည်းရှိကြရာ၊ ၎င်းတို့အနက်မှ ထူးထူးခြားခြား ဒူးရင်းသြဇာပင်ရဲ့ ဆေးစွမ်းထက်မြက်ပုံကို မျှဝေလိုက်ပါရစေ။

Guyabano (ခေါ်) Soursop လို့အမည်ရတဲ့ ဒူးရင်း သြဇာပင်တို့ ပေါက်ရောက်ရာဇစ်မြစ်မှာ ဖိလစ်ပိုင်နဲ့ တောင်အမေရိကတိုက်ရှိ အပူပိုင်းဒေသများဖြစ်ပါတယ်။

အသီး၊ အရွက်၊ ပင်စည်အခေါက်၊ အပင်မြစ်၊ အစေ့ စတဲ့အပင်တစ်ပင်လုံးဆေးဘက်ဝင်တယ်လို့ဆိုပါတယ်။

Source: www.guyabano.com

အစိမ်းရောင်အသီးရဲ့ အပေါ်ယံအခွံတွေမှာ ဓာတ်ပုံမှာဖော်ပြထားတဲ့အတိုင်း အဖုအထစ်တွေနဲ့ ကြမ်းတမ်းသော်လဲ၊ မှည့်လာတဲ့အခါ အနံ့က စတော်ဘယ်ရီလိုလို/ နာနတ်သီးလိုလို ရောထားတဲ့ ရနံ့လေးပါ။ အသီးထဲရှိ အဖြူရောင်အနှစ်သားများက အရသာချဉ်ပြုံးပြုံးလေးဖြစ်ပါတယ်။

၁၉၇၆ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ National Cancer Institute မှ ဆေးသုတေသီများ၏ အကြိမ် ၂၀ ကျော်မျှ အဖန်ဖန်အခါခါ လက်တွေ့စမ်းသပ်ချက်များအရ၊ ဒူးရင်းသြဇာပင်ရဲ့အရွက်က ကင်ဆာရောဂါဖြစ်စေတဲ့ Malignant ဆဲလ်များကို သေကျေဖျက် ဆီးပေးပါတယ်တဲ့။

Source: PhilNews.Ph

The Journal of Natural Products (ခေါ်)ဆေးဂျာနယ်တစ်ခုမှာ ဖော်ပြထားတာကတော့ ဒူးရင်းသြဇာ ရွက်ပြုတ်ရည်က Adriamycin လို့ခေါ်တဲ့ကင်ဆာရောဂါခီမိုဆေးထက် အဆပေါင်း ၁၀၀၀၀ (တစ်သောင်း) တိတိ ပို၍ဆေးစွမ်း ထက်မြက်ပါတယ်တဲ့။

ကင်ဆာဝေဒနာသည်တွေကို ခီမိုဆေးသွင်းတဲ့အခါ၊ မကောင်းတဲ့ကင်ဆာဆဲလ်များသာမက၊ ကောင်းတဲ့ ဆဲလ်တွေကိုပါ တပြိုင်တည်းသတ်ပစ်တာဖြစ်ပါတယ်။

သို့သော် ဒူးရင်းသြဇာLရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့ မကောင်းတဲ့ ကင်ဆာဆဲလ်တမျိုးတည်းကိုသာ ရွေးသတ်ပေးပါတယ်တဲ့။

အထူးသဖြင့် ဦးနှောက်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အမျိုးသားများ ဆီးကြိတ်ကင်ဆာ တို့ကို ပိုမိုအကျိုးသက်ရောက်စေပါတယ်လို့ဆိုပါတယ်။ ဆေးဖော်စပ်နည်းက အင်မတန်လွယ်ပါတယ်။

မရင့်လွန်း/မနုလွန်းတဲ့ လတ်လတ်ဆတ်ဆတ် ဒူးရင်းသြဇာရွက် ၄၀ နဲ့ ရေသန့် ၁-လီတာ ဘဲလိုအပ်ပါတယ်။(အရွက်ထဲက အာနိသင်တွေမပျက်အောင် ဖြစ်နိုင်ရင် လတ်လတ်ဆတ်ဆတ် အရွက်ကိုသာသုံးပါ။

Source: Tagalog Lang

အရွက်များတာရှည်ခံအောင် သိမ်းဆည်းသိုလှောင်လိုပါက အရွက်ကို နေပူမှာအခြောက်မခံပါနဲ့။ သူ့အလိုလို လေဖြင့်ခြောက် သွားပါစေ) ဦးစွာ ရေကိုဆူတောင်တည်ပါ။ ရေဆူတာနဲ့တပြိုင်နက်တည်း အရွက်ထဲ့ပါ။ အဖုံးမဖုံးပါနဲ့။ အရွက်ရွှေညိုရောင် ပြောင်းတဲ့အထိ မိနစ် ၂၀ လောက် မီးဖိုပေါ်ဆက်တည်ပေးပါ။

ပြီးရင် အအေးခံပေးပါ။ ထိုဒူးရင်းသြဇာ ရွက်ပြုတ်ရည်ကို ၁-ဖန် ခွက်စီဖြင့် နံက်-နေ့-ညစာ မစားခင် နာရီဝက်ခန့်အလိုမှာ သောက်ပေးရမှာပါ။ တစ်နေ့ ၃-ကြိမ် (စုစုပေါင်း ၃-ခွက်) သောက်ပေး ပါ။ (နံက်ပိုင်းသောက်ပြီးနောက်၊ နေ့လည် နဲ့ည သောက်ရန် ကျန်နေတဲ့ ၂-ခွက်စာကို ရေခဲသေတ္တာထဲ သိမ်းထားနိုင်ပါတယ်။ သို့သော် ရေခဲသေတ္တာထဲ အချိန် ၈ နာရီထက်ပိုပြီး သိမ်းမထားပါနဲ့။ ဆေးအာနိသင်ပျက်ပြယ်သွားပါတယ်) ဤနည်းအတိုင်း ရက် ၃၀ တိတိ သောက်ပေးရမှာဖြစ်ပါတယ်။

guyabano-tea

ဖော်ပြပါ ဆေးညွှန်းပမာဏအတိုင်းသာ သောက်သင့်ပြီး ရောဂါပျောက်ချင်လွန်းလို့ ပိုမသောက်ပါနဲ့တဲ့။ ထိုရွက်ပြုတ်ရည်သောက်တဲ့အခါမှာလည်း သူ့ချည်းသက်သက်သောက်ပါ။ အခြား ဆေးဝါး(သို့မဟုတ်) အစားအစာ(သို့မဟုတ်)အရသာကောင်းစေရန်သကြား၊ဆား တို့ရောစပ်၍မသောက်ပါနဲ့။

National Cancer Institute မှ ဆေးသုတေသီများက

(၁) အထက်ပါဆေးညွှန်းတိုင်း ၁-တိတိသောက်ပြီးနောက်မှာ ကင်ဆာဆဲလ်အခြေအနေကို ဆရာဝန်ဖြင့် စစ်ဆေးကြည့်ပါ။

(၂) အကယ်၍ ကင်ဆာလက္ခဏာအခြေအနေမထူးခြားသေးပါက၊ ရွက်ပြုတ်ဆေးရည် သောက်တာကို ၁၀-ရက်(ခဏ)ရပ်ထား ပြီး၊ ၁၀-ရက်ပြည့်တဲ့နောက်နေ့မှာ ပုံမှန် တနေ့ ၃-ကြိမ်ကျ ၁-လတိတိ ထပ်သောက်ပါ။

Source: Steemit

(၃) ဒုတိယအကြိမ် ၁လတိတိ ထပ်သောက်ပြီးနောက် ကင်ဆာဆဲလ်အခြေအနေကို ဆရာဝန်ဖြင့် စစ်ဆေးကြည့်ပါဦး။ ကင်ဆာ ဝေဒနာသိသိသာသာလျော့ပါးသွားပါက၊ ဆေးသောက်တာရပ်မပစ်ဘဲ ကင်ဆာဆဲလ်လုံးဝမကျန်တော့တဲ့အထိ ဆက်သောက် ပေးပါ။

အရွက်ပြုတ်ရည်က အထက်ဖော်ပြပါ ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်သလို၊ ဗီတာမင်နဲ့သတ္တုဓာတ်တို့ကြွယ်ဝစွာ ပါရှိသော ဒူးရင်းသြဇာသီးစားခြင်းဖြင့် ဆီးချို၊ အရိုးအဆစ်မြစ်ရောင်ရမ်းနာများ၊ ခါးနာခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ခေါင်းတစ် ခြမ်းကိုက်ခြင်း၊ သွေးအားနည်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ ခြေဖနောင့်ကွဲခြင်း၊ တို့ကို သက်သာစေတဲ့အပြင်၊ ကိုယ်ခံစွမ်းအားတိုးပွားရုံ သာမက၊ အရိုးကိုလည်း ကျန်းမာကြံ့ခိုင်စေတယ်လို့ဖော်ပြထားပါတယ်။

ဆောင်းပါးရှင် ပေါက်ပေါက်ရဲ့ စာစုလေးအား ပြန်လည် မျှဝေခြင်းဖြစ်ပါတယ်။ 

Credit: The YangonTimes