ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားသုံးရင် စိတ်ရော ၊ ကိုယ် ကျန်းမာစေပါတယ်။ အစားကောင်းကောင်းစားရင် စိတ်ပျော်ရွှင်ပြီး၊ အာရုံစိုက်မှုကောင်းကာ အလုပ်ပိုတွင်စေပါတယ်။
ဒါကြောင့် ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ ကမ္ဘာပေါ်ရှိ ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာများကို ဝေမျှပေးချင်ပါတယ်။
သံပုရာသီး
ကမ္ဘာပေါ်မှာ ကျန်းမာရေးအတွက် အကောင်းဆုံးအသီးလို့ကို ဆိုရမှာပါ။ ရောင်ရမ်းတာတွေ လျော့ကျစေပြီး ကင်ဆာဆဲလ်တွေ ပေါက်ပွားကြီးထွားမှုတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဗီတာမင်စီပါဝင်မှုကလည်း လိမ္မော်သီးထက်များပါတယ်။
သစ်ကြားသီး
သစ်ကြားသီးက တခြား အခွံမာအသီးတွေထက် Antioxidants ဓာတ်တွေပို ပါဝင်ပြီး ဗီတာမင် E၊ Omega 3 ဓာတ်နဲ့တခြား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေပါဝင်ပါတယ်။
Antioxidants ဓာတ်တွေက ဆဲလ်တွေ ပျက်စီးမှုကနေ ကာကွယ်ပေးပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့ကိုလည်း ကူညီပေးတာကြောင့် ကင်ဆာဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။
သစ်ကြားသီးကို အဆာပြေ အစားအစာအဖြစ် အချိန်မရွေးနေရာမရွေး စားနိုင်ပါတယ်။
Spinach
Spinach အရွက်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး၊ ဗီတာမင် A၊ ဗီတာမင် K နဲ့ တခြား ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖော်လစ်အက်ဆစ်တွေပါဝင်ပါတယ်။
ကြက်သွန်နဲ့သုတ်စား၊ ဒီအတိုင်း ကြော်စားတာဖြစ်ဖြစ်၊ ကြက်ဥကြော်နဲ့ ထည့်ကြော်ပြီး စားတာဖြစ်ဖြစ် စားသုံးလို့ရပါတယ်။
ပဲစေ့နက် (Black Beans)
ပဲစေ့နက် (Black Beans) မှာ Antioxidants ဓာတ်တွေအများကြီးပါဝင်ပြီး ဗိုက်ကို လည်း အချိန်အကြာပြည့်နေမှာပါ။ ကယ်ဆီယမ်၊ ပရိုတင်းနဲ့ အမျှင်ဓာတ်တွေလည်း အများကြီးပါဝင်တဲ့အပြင် အရသာလည်း ရှိပါတယ်။
ထောပတ်သီး
တစ်ပတ်ကို ထောပတ်သီး ၁လုံး ၊ ၂လုံးလောက်စားရုံနဲ့ ဗီတာမင် B6၊ ဖော်လစ် (Folate) ဓာတ်တွေအများကြီး ရရှိမှာဖြစ်ပါတယ်။
အမည်းရောင် ချောကလပ်
အမည်းရောင် ချောကလပ်မှာ Antioxidants ဓာတ်တွေက အသီးတွေထက်ပိုများပါတယ်။ အဲ့ဒီအပြင် နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်စွမ်းရှိပြီး စိတ်ခံစားချက်တွေကိုလည်း ကောင်းမွန်စေပါတယ်။
ဒါကြောင့် စိတ်ဓာတ်ကျနေရင် အမည်းရောင် ချောကလပ်ကို စားသုံးပါ။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကို ဆေးဘက်ဝင် အဖြစ် နှစ်ရာနဲ့ချီပြီး နိုင်ငံတော်တော်များများမှာ အသုံးပြုလာကြပါတယ်။ ဘက်တီးရီးယားတွေ ပေါက်ပွားမှုကို လျော့ပါးစေပြီး ကိုလက်စထရောနဲ့ သွေးဖိအားကို ကျစေကာ ရောင်ရမ်းတာတွေကို လျော့ကျစေပါတယ်။