အိပ်နေရင်းနဲ့ ဟောက်တတ်တာက တကယ်ကို ကတိကအောက်ဖြစ်စရာပါပဲ။ လူအများနဲ့ အတူ အိပ်ရင် ဘေးကအိပ်ပျော်နေတဲ့ လူတွေကို အနှောင့်အယှက်ဖြစ်စေသလို အားနာစရာလည်းကောင်းတယ်မဟုတ်လား။ အိပ်ပျော်နေချိန်မှာ ဆူညံတဲ့ အသက်ရှုသံပြင်းပြင်းနဲ့ ဟောက်တာက အသက်အရွယ်မရွေး ကျား၊မ မရွေး ဖြစ်နိုင်တဲ့အရာပါ။ ညတိုင်းလိုလိုဖြစ်နိုင်သလို ရံဖန်ရံခါလည်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့်တော့ အသက်အရွယ်ကြီးတဲ့သူတွေမှာ ဖြစ်တတ်ပါတယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

ဟောက်တာကို သက်သာစေမဲ့အပြင် အကုန်အကျသက်သာစေမဲ့ သဘာဝအစားအစား ၃ မျိုးကို မျှဝေလိုက်ပါတယ်။

၁။ သံလွင်ဆီ

3-namirnici-koi-go-resavaat-problemot-so-rcenjeto-02

သံလွင်ဆီက အိမ်တိုင်းလိုလိုမှာ တွေ့ရလေ့ရှိပြီး ကျယ်ကျယ်လောင်လောင် ဟောက်တတ်တဲ့ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

ရေထည့်ထားတဲ့ ခွက်ထဲကို ပျားရည် စားပွဲတင်ဇွန်း (၁) ဇွန်း နဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း (၁) ဇွန်းထည့်ပြီး ဖျော်ပါ။ အဲဒီနောက် အိပ်ယာမဝင်ခင် နာရီဝက်အလိုမှာ သောက်ပါ။

၂။ ပူစီနံ

menthol

ပူစီနံဟာ ဟောက်တတ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ အသုံးဝင်လှပါတယ်။ ပူစီနံကို ရေနွေးနဲ့ကြိုပြီး တနေ့အနည်းဆုံး တစ်ခွက်သောက်ပေးပါ။ အိပ်ယာမဝင်ခင်သောက်ရင် ပိုကောင်းပါတယ်။

ပူစီနံ ဆီကလည်း အရမ်းကိုထိရောက်မှုရှိပါတယ်။ အိပ်ယာမဝင်ခင်မှာ ရေထည့်ထားတဲ့ ခွက်ထဲကို ပူစပ်စပ်အရသာရှိပြီး ပူစီနံကနေထွက်တဲ့ (Menthol) အရည်ကို ထည့်ပါ။ (Menthol ကို ဆေးဆိုင်တွေမှာ ဝယ်လို့ရပါတယ်။) အဲဒီနောက် ပလုတ်ကျင်းပါ။

၃။ ဖာလာစေ့ (Cardamon)

3-namirnici-koi-go-resavaat-problemot-so-rcenjeto-04

အာရပ်လူမျိုးတွေရဲ့ အဓိကဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပါတယ်။ ရေပါတဲ့ ခွက်ထဲမှာ သစ်ကြံပိုးခေါက်အနည်းငယ်၊ ပျားရည်အနည်းငယ်နဲ့ ဖာလာစေ့မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်လောက်ထည့်ဖျော်ပြီး အိပ်ယာမဝင်ခင်သောက်ပါ။