စာရေးသူငယ်စဉ်က ရာသီဥတု အမြဲအေးနေတဲ့ တောင်ပေါ်ဒေသမှာကြီးလာသူပါ။ ငယ်ငယ်တုန်းက ကိုယ်ခံအားလည်းမကောင်းတော့ အမြဲလိုလို နှာစေး၊ချောင်းဆိုး၊ အအေးမိဖြစ်တတ်ပါတယ်။

အမေက နောက်ပိုင်းတစ်နေ့ကို ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီ အားဆေးလို တိုက်ပြီး ကြာလာတော့ သိပ်မဖျားတော့သလို ဖျားရင်တောင် ကြာရှည်မဖျားတော့ပါဘူး။

ပျားရည်က ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကိုမြှင့်ပေးနိုင်တဲ့ စွမ်းအင်ရှိသလို တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ပျားရည်စားပွဲတင်ဇွန်း ၁ ဇွန်း နေ့စဉ်သောက်သုံးရင် ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဝေမျှပေးချင်ပါတယ်။

အစာအိမ် ဂတ်စ်များတာလျော့ချပေးနိုင်

အစာအိမ်မှာ ဂက်စ်များတာကြောင့်မအီမသာဖြစ်နေရင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေး စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောပြီး သောက်လိုက်ပါ။ သက်သာသွားပါလိမ့်မယ်။

ဝမ်းပျော့နေတာ၊ ဝမ်းပျက်ဝမ်းလျောဖြစ်ချင်ချင်ဖြစ်နေရင်လည်း အဲ့လိုဘဲ သောက်ပါ။ တစ်နေ့ကို ၃ ခါလောက်သောက်ပေးပါ။ သက်သာသွားပါလိမ့်မယ်။

မှတ်ဉာဏ်ကို တိုးမြှင့်ပေး

ပျားရည်မှာ Antioxidants ဓာတ်တွေအများကြီးပါဝင်တာကြောင့် ဆဲလ်တွေပျက်စီးတာကို ကာကွယ်ပေးပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေကို မြှင့်တင်ပေးပါတယ်။

ကိုယ်ခံအားကို မြှင့်တင်ပေး

ပျားရည်က ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။ ပျားရည်မှာတွေ့ရလေ့ရှိတဲ့ Lactabaillus Kuneei ဓာတ်က ကိုယ်ခံအားကိုအဓိက မြှင့်တင်ပေးနိုင်ပါတယ်။

အဆိပ်အတောက်တွေကို ဖယ်ရှားပေး

ပျားရည်ကို ရေနွေးနဲ့ ရောပြီး သောက်ရင် အခုလက်ရှိ ဈေးကွက်မှာရောင်းချနေတဲ့ Detox တွေလိုပဲ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်နော်။ ဒါ့ကြောင့် ပျားရည်စစ်စစ်ဝယ်ပြီး အိမ်မှာဘဲ လုပ်သောက်လိုက်ပါ။

အသားအရေကို ကြည်လင်စေ

ပျားရည်က အလှကုန်ပစ္စည်းတွေ အသားအရေထိန်းသိမ်းတဲ့ Skin Care Products တွေမှာ အဓိကပါဝင်နေပါတယ်။

ဒါ့ကြောင့် ပျားရည်ကို မျက်နှာမှာဘဲ ရိုးရိုးရှင်းရှင်းလေး လိမ်းပြီး ရေဆေးချရုံနဲ့ အသားအရေကို ကြည်လင်စေကာ ဝက်ခြံတို့ကို ပျောက်ကင်းစေပါတယ်။

ကိုယ်အလေးချိန် လျော့ချပေး

အသက်ကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန် မတက်အောင် ပြုလုပ်ရမယ့် နည်းလမ်းများ

ပျားရည်က ချိုလို့ ကိုယ်အလေးချိန် တက်မယ်ဆိုတဲ့ ယူဆချက်တွေက မှားပါတယ်။ ပျားရည်က သကြားနဲ့မတူတာက သဘာဝအချိုဓာတ်ဖြစ်ပြီး ဗီတာမင်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကိုလည်း လျော့ချပေးနိုင်ပါတယ်။

လွယ်ကူစွာ အိပ်ပျော်နိုင်

ပျားရည်မှာ အမိုင်နိုအက်ဆစ်ပါဝင်တာကြောင့် ဦးနှောက်ကို သက်တောင့်သက်သာဖြစ်စေကာ လွယ်ကူစွာ အိပ်ပျော်စေနိုင်ပါတယ်။