ပျားရည်ဟာ နေ့စဉ်စားသုံးတဲ့ထဲမှာတော့ မပါလှပါဘူး။ ဒါပေမယ့် အရမ်းကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေရရှိမယ်လို့တော့ ပြောလို့ရပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ အသားအရေအတွက်ပေါ့။

ပျားရည်က ဘာတွေစွမ်းဆောင်ပေးနိုင်လဲ ကြည့်လိုက်ရအောင်။

ပျားရည်

သူ့ချည်းသက်သက် မျက်နှာပေါ်လိမ်းရင် အသားအရေကြည်စေပါတယ်။

ပျားရည် ကြက်ဥ

ပျားရည် တစ်ဇွန်းနဲ့ကြက်ဥအကာကို ရောမွှေပြီး မျက်နှာ လည်ပင်းနှင့် လက်တို့ကို လိမ်းပေးပါ။

ခြောက်အောင်ထားပါ။ ခြောက်သွားလျှင် ရေဆေးချပါ။ နဂိုအသားအရေထက် နှစ်ဆဖြူဖွေးနေတာကို တွေ့ရပါလိမ့်မယ်။

ပျားရည် ဂျုံမှုန့် သံပုရာသီး

သံပုရာသီး တစ်လုံးကို အရည်ညှစ် ဂျုံမှုန့် တစ်ဇွန်း ပျားရည်တစ်ဇွန်းထည့်ကာ ခပ်ပျစ်ပျစ်လေး ရအောင်မွှေပါ။ ထို့နောက်မျက်နှာပေါ်လိမ်းပေးပါ။ ခြောက်သွားလျှင် ရေဆေးချပေးပါ။ အဆီပြန်ခြင်းကို သက်သာစေပြီး မျက်နှာကို ကြည်လင်စေပါတယ်

 

ပျားရည် ခရမ်းချဉ်သီး

ပျားရည်ကို မျက်နှာအနှံလူးပေးပါ။ ငါးမိနစ်ခန့် ကြာလျှင် ခရမ်းချဉ်သီးများကို အကွင်းလိုက်လှီး၍ မျက်နှာပေါ်ကပ်ပေးပါ။ ဝက်ခြံကင်းပြီး အသားလှစေပါတယ်။

ပျားရည် Mask

ပျားရည် နှင့် ကော်ဖီမှုန့်ကို ဆတူရော၍ မွှေပါ။

ထို့နောက် မျက်နှာပေါ်ထူထူလိမ်းပါ။ ခြောက်သွားလျှင် အဖတ်များကွာလာပါလိမ့်မည်။ ထိုအခါ ဖော့တုံးနှင့်အသာအယာပွတ်၍ မျက်နှာသစ်ပေးပါ။ မျက်နှာပေါ်ရှိ အညစ်အကြေးများကို ချေးချွတ်ပေးသည့်အပြင် ကြည်လင်သန့်စင်သော အသားအရေကို ရရှိစေပါသည်။