အင်္ဂလိပ်စကားပုံတစ်ခုရှိပါတယ်။ ပန်းသီးကိုတနေ့တစ်လုံးစားပြီး ဆရာဝန်ဆီမသွားဘဲနေကြမယ်တဲ့။

the-acv-weight-loss-connection-apples

သံသယဖြစ်စရာမရှိပါဘူး။ ပန်းသီးမှာ အမျှင်ဓါတ်၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ နေ့စဉ်စားသုံးပေးသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။

Antioxidant ဓါတ်တိုးဆန့်ကျင်ပစ္စည်း

crucial-reasons-to-eat-your-apple-a-day

အသီးအနှံတော်တော်များများမှာ အကြမ်းမျည်းအားဖြင့်တော့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်ပေမဲ့ ပန်းသီးမှာတော့ အများအပြားပါဝင်ပါတယ်။

ဒါ့အပြင် ကိုယ်ခံအားစနစ်ကောင်းမွန်စေတဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါတယ်။ ဒါ့ကြောင့် ရောဂါအမျိုးမျိုး အလွယ်တကူ ဝင်ရောက်တာကနေ ကာကွယ်ပေးနိုင်ပါတယ်။ ပန်းသီးကို မနက်ပိုင်း (သို့) ညဖက်အိပ်ယာမဝင်ခင်မှာ ပုံမှန်စားပေးသင့်ပါတယ်။ အဝလွန်စေတဲ့ အသင့်စား အဆာပြေ အစားအစာ အစား ပန်းသီးကို စားပေးသင့်ပါတယ်။

အမြင်အာရုံ

apples-for-good-eyes

ပန်းသီး တနေ့တစ်လုံးစားပေးတာဟာ မျက်လုံးအတွင်းတိမ်ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေ အများအပြားက သက်သေပြလျက်ရှိနေပါတယ်။ ပန်းသီးကို တစ်နေ့ တစ်လုံးစားပါ။

အစာချေစနစ်

eating-apple-1024x440

ပန်းသီးမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ဒါ့အပြင် သွေးတွင်းကိုလက်စထရောများတာကို လျှော့ချပေးနိုင်ပါတယ်။

အသည်း

how-to-look-after-your-heart-558762

အသည်းသာ ကျန်းမာမယ်ဆိုရင် ခန္တာကိုယ်အတွင်း အလွယ်တကူဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို အလွယ်တကူဖယ်ရှားပေးနိုင်ပါတယ်။ ပန်းသီးဟာ အသည်းကျန်းမာရေးအတွက် အထူးကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ပန်းသီးကို စားပေးသင့်ပါတယ်။

နှလုံး

apple-slice-leaves

စောစောကပြောခဲ့သလိုပဲ ပန်းသီးမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့် နှလုံးအဆီဖုံးတာမျိုးမဖြစ်တော့သလို နှလုံးကို ကျန်းမာစေပြီး နှလုံးရောဂါဖြစ်ပွားခြင်းကနေ ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန်

10-habits-that-can-help-you-lose-weight-s1-photo-of-woman-eating-apple-and-holding-scale

ဒီအချက်လေးကိုတော့ စာဖတ်သူတို့ သဘောကျနှစ်ခြိုက်ကြမယ်ထင်ပါတယ်။ ပန်းသီးကိုစားပေးတာဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်ပါတယ်။