မြန်မာပြည် အလယ်ပိုင်းနဲ့ အခြားနေရာများပါ အလွယ်တကူ တွေ့ရှိနိုင်တဲ့ ထန်းသီးဟာ အခုလို အလွန်ပူပြင်းတဲ့ ရာသီအတွက် သဘာဝ ဓာတ်စာဆိုရင်လဲ မမှားပါဘူး ။

အခုရက်ပိုင်းအတွင်းမှာဆိုရင် မြန်မာပြည်မှာ ရာသီဥတု အပူချိန်အလွန် မြင့်တက်လာတဲ့ အတွက် မိုးလေဝသ ကျွမ်းကျင်သူတွေကတောင် သတိပေးပြောဆိုချက်တွေ ထုတ်ပြန်နေရပါတယ် ။
ဒီလိုပူပြင်းလှတဲ့ အချိန်မျိုးအတွက် သဘာဝတရားက လူသားတို့အတွက် ထူးခြားဆန်းကြယ်စွာ ဖန်တီးပေးထားတဲ့ ထန်းသီးရဲ့ အသုံးဝင်ပုံတွေကို အသိပေးချင်ပါတယ် ။

ထန်းသီးကို မသိသူ အလွန်ရှားပါတယ် ။ အသီးဟာ အလင်းထိုးဖေါက်နိုင်တဲ့ အရည်လဲ့နေတဲ့ အဖြူရောင် စားချင်စဖွယ် အသီးဖြစ်ပါတယ်။
ရာသီဥတု အပူဒါဏ်အတွက် မွန်းလွဲပိုင်းမှာ စားသုံးသင့်ပါတယ် ။

အသီးတင်မကပဲ ယင်းအပင်မှ ထွက်တဲ့အရည် (ထန်းရည်) ဟာလဲ လန်းဆန်း ၊ ကျန်းမာစေပါတယ် ။
မနက်အစောပိုင်းမှာ ရတဲ့ထန်းရည် ချိုဟာ လူကိုယ်ခန္ဓာကို ပြန်လည် လန်းဆန်းစေပါတယ် ။
ဒါပေမဲ့ မွန်းလွဲနဲ့ ညနေပိုင်းမှာတော့ အချဉ်ပေါက်သွားပြီး ခါးသက် ၊ ပြင်းထန်တဲ့ အရသာဖက်ကို ပြောင်းလဲသွားပါတယ် ။

32,3

၎င်းတို့ကို စားသုံးခြင်းဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့

  1.  အသီးသည် ကိုယ်ခန္ဓာအတွက် အပူချိန်ကို သဘာဝအတိုင်း ထိန်းညှိပေးသည်။ မော်တော်ကားတို့တွင် ကားရေတိုင်ဂီ အပူလွန်ကဲခြင်း မဖြစ်စေရန် ရေဖြင့်ရောစပ်ရသည့် အပူချိန်ထိန်းသည့်အရည် (Radiator Coolant) ကဲသို့ လုပ်ဆောင်ပေးသည့် Natural Coolant ဖြစ်သည်။
  2.  ထန်းသီးတွင် ဆိုဒီယမ် ၊ ပိုတက်ဆီယမ်တို့ကဲ့သို့သော အဟာရဓာတ်များ အချိုးအစားမျှတစွာ ပါဝင်သဖြင့် ခန္ဓာကိုယ် ရေဓာတ် ၊ အပူအအေးတို့ကို ထိန်းညှိပေးသည် ။   အထူးခြားဆုံး အစွမ်းသတ္တိကတော့ နွေရာသီတွင် ပင်ပန်းနွမ်းလျမှုနှင့် ရေဓာတ် ဆုံးရှုံးမှုကို ကာကွယ်ပေးသည် ။
  3.  ထန်းရည်ချိုကတော့ တစ်နေ့လျှင် တစ်ခွက် ၊ နှစ်ခွက်လောက် သောက်သုံးပေးရင် အသီးကို စားသုံးသကဲ့သို့ပင် ပင်ပန်းနွမ်းလျမှုနှင့် ရေဓာတ်ဆုံးရှုံးခြင်းကို ကာကွယ်ပေးသည် ။ တစ်ခွက်ရဲ့ ပမာဏကတော့ 300ml ခန့်ရှိပြီး အနီးစပ်ဆုံး မြင်သာအောင်ပြောရရင် ပက်စီအချိုရည် သံဗူး တစ်ဗူးစာခန့် ဖြစ်ပါတယ် ။  (နိုင်ငံပေါ်မှာ မူတည်ပြီး ပမာဏ အနည်းငယ်စီ ကွာခြားတတ်သည်)
  4.  ကယ်လိုရီ မြင့်မားစွာ ပါဝင်တဲ့အတွက် ကိုယ်ခန္ဓာလုပ်ဆောင်မှု စွမ်းအင်ကို အမြင့်ဆုံးနှင့် အကြာဆုံး ထိန်းသိမ်းထားနိုင်ပြီး   နွေရာသီတွင် ပင်ပန်းနွမ်းနယ်မှု မဖြစ်စေနိုင်ပါ ။ ဒါပေမဲ့ သကြားဓာတ်နဲ့ ကယ်လိုရီ မြင့်မားစွာ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချနေသူတို့ အတွက်တော့ မသင့်တော်ပါ ။

32,2

မှတ်ချက် ။     ။  ကိုယ်ဝန်ဆောင် အမျိုးသမီးများ မသောက်သုံးသင့်ပါ ။   သွေးတိုး ၊ အသဲနှင့် နှလုံးရောရောဂါ ရှိသူများ ထန်းရည်ချိုကို သောက်သုံးရန် မသင့်ပါ ။

Credit: Winnhlaingoo