ဟင်းချက်တဲ့အခါတိုင်းမှာ မလိုအပ်ဘဲ အချိန်ကြာနေခြင်း၊ မီးဖိုခန်းက ရှုပ်ပွပြီး ညစ်ပတ်နေခြင်းတို့ကို အခုချိန်ကစပြီး လက်ပြနှုတ်ဆက်လိုက်လို့ရပါပြီ။ ဒီဆောင်းပါးထဲမှာတော့ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်ရာမှာ လွယ်ကူလျင်မြန်စေမယ့် ဖြတ်လမ်းနည်းများကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်။

ခရမ်းချဉ်သီးကို မြန်မြန်အခွံခွာနည်း

ခရမ်းချဉ်သီးကို ရေနွေးပူထဲမှာ ထည့်ပြုတ်ခြင်းက အခွံအမြန်ခွာလို့ရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီ့ထက် ပိုမြန်တဲ့နည်းကိုတော့ ခရမ်းချဉ်သီးကို ခရင်းခွနဲ့ ထိုးပြီးတော့ မီးအပူပေးမယ်ဆိုရင် အခွံခွာရတာ ဆယ်ဆပိုမြန်ပါလိမ့်မယ်။ သတိထားရမယ့်အချက်ကတော့ ခရမ်းချဉ်သီးကို မီးဖိုပေါ်ကနေ ၁၀ စင်တီမီတာခန့် ခွာပြီး အပူပေးဖို့တော့ လိုမယ်နော်။

ငရုတ်သီး လှီးဖြတ်တဲ့အခါ လက်ကို ငရုတ်သီးရဲ့အပူဒဏ်မှ ကာကွယ်ဖို့

ဟင်းရွက်ဆီ (သို့) သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို လက်ဖဝါးလေးထဲ ထည့်ပြီး ပွတ်တိုက်ပေးလိုက်ရုံပါပဲ။

ထောပတ်သီးကို ကြာရှည်အထားခံဖို့ဆိုရင်

ထက်ခြမ်းခွဲထားတဲ့ ထောပတ်သီးကို ကြာရှည်အထားခံချင်တယ်ဆိုရင် ဆလပ်ရွက်လေးနဲ့ ထောပတ်သီးကို ပတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ တစ်ပတ်တိတိ လတ်လတ်ဆတ်ဆတ်အထားခံပါတယ်။

ပန်းသီးဖျော်ရည် အလွယ်ဖျော်နည်း

သစ်သီးဖျော်စက်အသုံးပြုစရာမလိုဘဲ ပန်းသီးကို အလွယ်တကူဖျော်ချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမှာ ပန်းသီးကို အအေးခံထားလိုက်ပါ။ အေးခဲသွားတဲ့ ပန်းသီးကို ဖန်ခွက်အလွတ်တစ်လုံးကို အရည်ညှစ်ချလိုက်ပါ။ ဒါဆိုရင်တော့ လတ်လတ်ဆတ်ဆတ်ပြုလုပ်ထားတဲ့ ပန်းသီးဖျော်ရည်တစ်ခွက် ရသွားပါပြီ။

ကြက်သွန်နီ လှီးဖြတ်တဲ့အခါ သံလွင်ဆီ အသုံးပြုပါ

စဉ်းနီတုံးဘေးနားမှာ ရေနွေးနွေး တစ်ပန်းကန် ထားထားပြီးနောက် သံလွင်ဆီနည်းငယ် ထည့်လိုက်ပါ။ ဒါဆိုရင်တော့ မျက်ရည်မကျဘဲ ကြက်သွန်ဖြူကို မြန်မြန်ဆန်ဆန်လှီးဖြတ်နိုင်ပါပြီ။

အသားကင် တုတ်ထိုး အမြန်ပြုလုပ်နည်း

အသားတုံး အကြီးကြီးကို ဆား၊ ဟင်းခပ်မှုန့်တို့ဖြင့် နယ်ထားလိုက်ပါ။ ပြီးရင် တုတ်များဖြင့် ထိုးထားလိုက်ပါ။ ပြီးမှ တုတ်တွေကြားထဲကနေ ဒေါင်လိုက် လှီးဖြတ်လိုက်ပါ။ ပြီးရင်တော့ အလျားလိုက် လှီးဖြတ်ပေးလိုက်ပါ။ ဒီနည်းလမ်းက ပိုမိုလွယ်ကူလျင်မြန်ပါတယ်။

အသာားကင်များကို အရည်ရွှမ်းရွှမ်းလေး စားချင်တဲ့အခါ

အသားကင်နေချိန်မှာ အသားတုံးပေါ်သို့ ရေခဲတုံး အသေးတစ်တုံး တင်ထားကာ အရည်ပျော်သွားသည်အထိ ကင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ထိုအသားကင်က အရည်ရွှမ်းရွှမ်းလေးနဲ့ ပိုစားလို့ကောင်းပါတယ်။

အသားငါး ကင်တဲ့အခါ အကင်မီးဖိုမှာ အသား မကပ်ဖို့အတွက်

အာလူးကို ထက်ခြမ်း ခြမ်းပြီးနောက် အကင်မီးဖိုပေါ်မှာ ပွတ်တိုက်ပေးလိုက်ပါ။ အာလူးရဲ့ကစီဓာတ်က အသား မတူးသွားအောင်၊ မီးဖိုဖြင့် မကပ်သွားအောင် ကူညီပေးပါတယ်။

ကြက်သွန်ဖြူကို ဓားမသုံးဘဲ အလွယ်တကူအခွံခွာနည်း

ပန်းကန်လုံးတစ်လုံးထဲသို့ ရေနွေးပူထည့်ထားလိုက်ပါ။ ထို့နောက် ကြက်သွန်ဖြူထည့်ကာ ၅ မိနစ်ခန့် ထားထားလိုက်ပါ။ ၅ မိနစ်ပြည့်သွားတဲ့အခါမှာတော့ ကြက်သွန်ဖြူအခွံကို အလွယ်တကူအခွံခွာလို့ရပါပြီ။

ထောပတ်သီးအမှည့်မြန်ဖို့အတွက် ဂျုံမှုန့်အသုံးပြုပါ

ဂျုံမှုန့်ထဲသို့ မမှည့်သေးတဲ့ ထောပတ်သီး ထည့်ထားလိုက်ပါ။ ဂျုံမှုန့်က ထောပတ်သီးအမှည့်မြန်ဖို့ ကူညီပေးပါလိမ့်မယ်။

Source: Brightside.me