သင် ဟင်းချက်ရာမှာ အသုံးမပြုတော့တဲ့ အိုဟောင်းနေသော ဇွန်းအကြီးများ၊ ဒယ်အိုးများ၊ ဒလှီမ့်တုံးများ စတဲ့ မီးဖိုချောင်သုံးပစ္စည်းများကို အလဟဿမလွှင့်ပစ်ဘဲနဲ့ သင့်အိမ်ပတ်ဝန်းကျင်အတွက် အလှဆင်တဲ့နေရာမှာ ပြန်လည်အသုံးပြုနိုင်ပါတယ်။

အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုခြင်းအားးဖြင့် စွန့်ပစ်ပစ္စည်းများကို လျော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို အလိုအလျောက် ထိန်းသိမ်းပေးရာလည်း ရောက်ပါတယ်။

ပျက်သွားတဲ့ ကော်ဖီဖျော်စက်လေးကို တောအုပ်ငယ်အသွင် ဖန်တီးနိုင်သလို အသေးစားငါးကန်အဖြစ်သို့လည်း ပြောင်းလဲနိုင်ပါတယ်။

ကော်ဖီခွက်များနဲ့ ဖန်တီးထားတဲ့ တိုင်ကပ်နာရီ

ကော်ဖီခွက်နဲ့ ဖန်တီးထားတဲ့ တိရစ္ဆာန်အစာခွက်

ဟောင်းနွမ်းသွားတဲ့ ကော်ဖီခွက်များနဲ့ ပြုလုပ်ထားတဲ့ မီးဆိုင်း

အိမ်တွင်းအလှဆင် ပန်းအိုးငယ်များ

ရောင်စုံဖယောင်းတိုင်ခွက်များ

ကြက်ဥမွှေခလောက်တိုင်နဲ့ ဖန်တီးထားတဲ့ ဖယောင်းတိုင်မီးဆိုင်း

အင်္ကျီချိတ်နှင့် ဟင်းချက်ဇွန်းများကို အသုံးပြုထားတဲ့ ဖယောင်းတိုင်မီးဆိုင်း

သင့်ရဲ့စိတ်ကူးဉာဏ်ကို ကွန့်မြူးပေးနိုင်မယ့် မီးဖိုချောင်သုံးပစ္စည်းများ

ဝိုင်ဖန်ခွက်နဲ့ ပြုလုပ်ထားတဲ့ အချိုပန်းကန်

လက်ကိုင်ဒယ်အိုးဟောင်းနဲ့ ပြုလုပ်ထားတဲ့ တိုင်ကပ်နာရီ

ဆီစုပ်စက္ကူများဖြင့် အလှဆင်ထားတဲ့ ဓာတ်ပုံဘောင်

ဒလှိမ့်တုံးများကိုလည်း ယခုလို အသုံးပြုနိုင်ပါသေးတယ်။

ကန်တော့ခွက်လေးကို သိုးမွှေးထိုးတဲ့နေရာမှာ အသုံးတည့်ပါသေးတယ်။

ပန်းကန်လုံးအကြီးရဲ့ အသုံးဝင်ပုံကိုလည်း လျော့မတွက်စေချင်ပါဘူး။

နံရံကပ်မီးအိမ်

ဇွန်း၊ ခက်ရင်းများဖြင့် အလှဆင်ထားတဲ့ အိမ်တွင်းဥယျာဉ်လေး

နားဆွဲချိတ်စရာ (သို့) လက်ကောက်ချိတ်စင် (သို့) အပ်ချည်လုံး ချိတ်စင်အဖြစ် အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်းအဟောင်းများ

အခုဖော်ပြပေးသွားတဲ့ အလှဆင်ပစ္စည်းတွေထဲကမှ မိမိရဲ့စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ ပစ္စည်းလေးတွေကို မီးဖိုချောင်သုံးပစ္စည်းအဟောင်းတွေ အသုံးပြုပြီး မိမိစိတ်ကြိုက် ဖန်တီးကြည့်လိုက်ဦးနော်။

Source: Brightside.me