မီးဖိုချောင် ကျဉ်းကျဉ်းလေးမှာလည်း သူ့အားသာချက်စီ ရှိကြပါတယ်။ မီးဖိုချောင်က ကျဉ်းတာကြောင့် ဟင်းချက်ပစ္စည်းတွေကို အဝေးကြီး သွားယူစရာမလိုတော့ဘဲ သူတို့က လက်တစ်ကမ်းမှာရှိနေမှာပါ။ ဒါပေမယ့် နေရာ ကျဉ်းကျဉ်းမှာ ခေတ်မီပြီး အဆင်ပြေတဲ့ မီးဖိုချောင်လေး ဖြစ်ဖို့တော့ အိုင်ဒီယာ ဆန်းဆန်းလေးတွေ လိုပါတယ်။
ဒါကြောင့် တိုက်ခန်းကျဉ်းကျဉ်းမှာ အဆင်ပြေမယ့် မီးဖိုချောင် လှလှလေးတွေကို စုစည်းတင်ဆက်လိုက်ပါတယ်။
ဒါကတော့ ဟင်းချက်ချိန်မှာ မီးဖိုချောင် ဟင်းချက်ပြီးချိန်မှာ ထမင်းစားခန်း လုပ်လို့ရတဲ့ မီးဖိုချောင်လေးပါ။
နေရာ ကျဉ်းကျဉ်းလေးဟာ ဆန်းသစ်တဲ့ အိုင်ဒီယာလေးတွေနဲ့ ခေတ်မီ မီးဖိုချောင်လေးပါ။
ဒီလို အရောင်းဆန်းဆန်းလေးတွေနဲ့လည်း ခြယ်သလို့ရတယ်နော်
ပစ္စည်းလေးတွေ နေရာဆံ့အောင်လည်း ဒီလို စီစီရီရီ ထားလို့ရတယ်နော်။
အခုနောက်ပိုင်း ခေတ်စားနေတဲ့ မီးဖိုချောင် ဒီဇိုင်လေးတွေပေါ့
ကဲ ဒီလို အိပ်ရာဝင် ပုံပြင်လေးထဲကလို မီးဖိုချောင်လေးကိုရော ကြိုက်လား
ရိုးရိုးရှင်းရှင်း ပုံစံမျိုးလေရော ကြိုက်နှစ်သက်လား။
ကိုယ့် တိုက်ခန်းလေးတွေမှာ မီးဖိုချောင် လှလှပပ ပြင်ချင်တဲ့သူတွေ အိုင်ဒီယာလေးတွေတော့ ရပြီထင်ပါတယ်။ ဒီ ပုံလေးတွေကို ပြန်ကြည့်လို့ရအောင် ကိုယ့်အကောင့်မှာ share ထားကြဦးနော်။ မီးဖိုချောင် လှလှလေးတွေ ကြိုက်နှစ်သက်သူတဲ့ သူငယ်ချင်းတွေကိုလည်း mention ခေါ်ဖို့ မမေ့နဲ့ဦးနော်။