မီးဖိုချောင်မှာ အချိန်ဖြုန်းရတာ မနှစ်သက်တဲ့ အိမ်ရှင်မတွေအတွက် လွယ်ကူလျင်မြန်ပြီး အချိန်ကုန်သက်သာစေမယ့် နည်းလမ်းအချို့ကို ဝေမျှပေးချင်ပါတယ်။

စတော်ဘယ်ရီသီးရဲ့ ဖတ်ရွက်စိမ်းကို ဘယ်လိုဖယ်ရှားရမလဲ

ပလပ်စတစ်ပိုက်လေး အသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။

စတော်ဘယ်ရီသီးရဲ့အောက်ခြေကို ပိုက်ဖြင့် ထိုးလိုက်ပါ။ ဖတ်ရွက်စိမ်းလေး ကွာသွားသည်အထိ ဖောက်ပေးလိုက်တဲ့အခါ သူ့အရွက်လေးက အလိုလိုကွာသွားပါလိမ့်မယ်။

စပျစ်သီး အမြောက်အမြားကို တပြိုက်နက်နည်း ဘယ်လိုလှီးဖြတ်ရမလဲ

ပန်းကန်ပြားတစ်ချပ်ကို မှောက်ထားပါ။ ထိုပန်းကန်ပြားပေါ်သို့ စပျစ်သီးများ တင်ထားလိုက်ပါ။ ထို့နောက် အခြားပန်းကန်ပြားတစ်ချပ်ကို စပျစ်သီးပေါ်တင်ထားလိုက်ပြီးနောက် ခပ်ဖွဖွလေး ဖိထားက ဓားဖြင့် လှီးလိုက်ပါ။

ဒါဆိုရင်တော့ စပျစ်သီး အမြောက်အမြားကို တပြိုင်နက်တည်း လှီးဖြတ်လို့ရပါပြီ။

ဂျင်း အခွံကို ဇွန်းဖြင့် ခွာပါ

ဂျင်းကို အခွံခွာတဲ့အခါ ဓားအသုံးပြုမယ့်အစား ဇွန်းအသုံးပြုတဲ့အခါ အချိန်ကုန်သက်သာစေတဲ့အပြင် ဂျင်းအသားကိုလည်း ခွာမိမှာမဟုတ်တဲ့အတွက် ဖြုန်းတီးရာ မရောက်တော့ပါဘူး။

တလည်းသီး အစေ့များကို အလွယ်တကူ ဖယ်ထုတ်နိုင်မယ့် နည်းလမ်း

တလည်းသီးက ရောင်ရမ်းမှုကို သက်သာစေပြီး ရင်သားကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တဲ့ အစွမ်းထက်အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။

ထိုသစ်သီးစေ့များကို အလွယ်တကူဖယ်ထုတ်ချင်ပါက အရင်ဦးဆုံး တလည်းသီးကို ထက်ဝက်ပိုင်းလိုက်ပါ။ ထို့နောက် ဇွန်းတစ်ချောင်းဖြင့် သစ်သီးကို ခေါက်ပေးလိုက်ပါ။ တလည်းစေ့များက အလွယ်တကူ ကွာကျလာပါလိမ့်မယ်။

ကြက်သွန်ဖြူတစ်ဥကို စက္ကန့် ၃၀ အတွင်း အခွံခွာနည်း

ကြက်သွန်မြွှာလေးများ အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားအောင်လို့ ကြက်သွန်ထပ်ပိုင်းကို လက်ဖြင့် ခပ်ပြင်းပြင်း ဖိချလိုက်ပါ။ ထို့နောက် ဖန်ပုလင်းထဲထည့်ပါ။ အဖုံး လုံအောင် ပိတ်ပြီးနောက် ပုလင်းကို စက္ကန့် ၂၀၊ ၃၀ ခန့် လှုပ်ခါပေးလိုက်ပါ။

ထို့နောက် ကြက်သွန်ဖြူများကို ပုလင်းထဲက ထုတ်လိုက်တဲ့အခါမှာတော့ အခွံခွာပြီးသား ဖြစ်သွားပါပြီ။

လိမ္မော်သီးကို မြန်မြန်ဆန်ဆန် အခွံခွာနည်း

လိမ္မော်သီးရဲ့ ထိပ်တစ်ဖက်ကို ဓားဖြင့် လှီးဖြတ်လိုက်ပါ။ ထို့နောက် လိမ္မော်မြွှာ ရှိတဲ့နေရာကို ဓားဖြင့် ခွဲချပြီးနောက် ထိုလိမ္မော်သီးကို အလျားလိုက် ဆွဲဆန့်လိုက်ပါ။ ပြီးရင်တော့ တစ်မြွှာချင်းစီကို လက်မဖြင့် ခွဲပေးလိုက်ပါ။

ဒါဆိုရင်တော့ အချိန်တိုအတွင်းမှာ လိမ္မော်စိပ်များကို အလွယ်တကူ ခွာယူနိုင်ပါပြီ။ ဒီနည်းလမ်းလေးကတော့ ကလေးငယ်များအတွက် နေ့လည်စာ ထမင်းဘူးထည့်ပေးတဲ့အခါ အဆာပြေမုန့်အနေနဲ့ ထည့်ပေးတဲ့အခါ အသုံးပြုနိုင်တဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။

Source: Veggie-quest.com