အလုပ်များတဲ့ အိမ်ရှင်မများအနေနဲ့ မီးဖိုချောင်ထဲမှာ အချိန်အကြာကြီး ကုန်ဆုံးနိုင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အချိန်ကုန်သက်သာပြီး လွယ်ကူမြန်ဆန်စေမယ့် မီးဖိုချောင်သုံး အလွယ်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

ကြက်ဥ ဖောက်ထည့်တဲ့အခါ

ကြက်ဥအခွံက အကာထဲ နစ်ဝင်သွားတဲ့အခါ ကြက်ဥအခွံနဲ့ပဲ ခပ်ထုတ်လိုက်ပါ။

ကီဝီသီး လှီးထုတ်ရန်အတွက် ဇွန်း အသုံးပြုပါ

အရင်ဦးဆုံး ကီဝီသီးရဲ့ထိပ်စွန်းနှစ်ဖက်ကို လှီးထုတ်လိုက်ပါ။ ထို့နောက် ဇွန်းဖြင့် အသာအယာခပ်ထုတ်လိုက်လို့ရပါပြီ။

ပြီးမှ မိမိစိတ်ကြိုက် လိုအပ်သလို ပုံဖော်ကာ လှီးဖြတ်နိုင်ပါတယ်။

လက်မပေစေဘဲ ပန်းကန်ထဲကအစားအစာကို ပလပ်စတစ်အိတ်ထဲ ပြောင်းထည့်နည်း

အရင်ဦးဆုံး ပလပ်စတစ်ကို ပုံပါအတိုင်း ခွက်ပုံသဏ္ဍာန် ခေါက်ထားလိုက်ပါ။ ပြီးရင်တော့ အသာလေး လောင်းထည့်လိုက်လို့ရပါပြီ။

ထောပတ်ခဲများကို အလွယ်တကူ အရည်ပျော်စေဖို့ရန်အတွက်

ရေခဲသေတ္တာထဲ သိမ်းထားတဲ့ ထောပတ်ခဲတွေက အရည်ပျော် နှေးတတ်ပါတယ်။ ဒါပေမဲ့ အတုံးသေးသေးလေးတွေ လှီးဖြတ်ထားမယ်ဆိုရင်တော့ အရည်ပျော် မြန်တာကြောင့် ဟင်းချက်ရ ပိုလွယ်ကူပါလိမ့်မယ်။

ရေခဲသေတ္တာထဲ ကြက်ဥထည့်ထားတတ်သူများအတွက် နည်းလမ်းကောင်း

ကြက်ဥများကို အခန်းအပူချိန်အတိုင်း နွေးနွေးလေးဖြစ်သွားချင်တယ်ဆိုရင်တော့ ရေထဲတွင် ၅ မိနစ်၊ ၁၀ မိနစ်ခန့် စိမ်ထားလိုက်ပါ။ ဒါပေမဲ့ ရေနွေးနဲ့ မစိမ်ဘဲ ရိုးရိုးရေနဲ့ပဲ စိမ်ထားပေးဖို့ လိုမယ်နော်။

တလည်းသီးအစေ့များကို အလျင်အမြန်ဖယ်ရှားချင်တယ်ဆိုရင်

အရင်ဦးဆုံး တလည်းသီးကို အလယ်တည့်တည့်ကနေ ထက်ခြမ်းခြမ်းလိုက်ပါ။ ထို့နောက် တလည်းသီးကို မှောက်ခုံထားပြီးနောက် သစ်သားယောင်းမဖြင့် ပန်းကန်လုံးထဲသို့ ရိုက်ချပေးလိုက်ရုံပါပဲ။ ဒါဆို အချိန်ကုန်လည်း သက်သာ စိတ်လည်း မရှုပ်ရတော့ဘူးပေါ့။

အာလူးများ ညိုမသွားဖို့ရန်အတွက်

အာလူးတွေကို ညကတည်းက ကြိုပြီး အခွံခွာ လှီးဖြတ်ထားကာ မနက်ကျ အဆင်သင့် ချက်ပြုတ်ချင်ပေမယ့် အာလူးတွေက ညိုသွားလို့ စိတ်ညစ်နေပါသလား။ အခွံခွာပြီးသားအာလူးများကို ရေအေးအေးထဲ ထည့်စိမ်ထားပြီး ရေခဲသေတ္တာထဲ ထည့်သိမ်းထားလိုက်ပါ။ အာလူးများက လတ်လတ်ဆတ်ဆတ်ရှိနေတုန်းပဲဆိုတာကို မြင်တွေ့ရပါလိမ့်မယ်။

Source: Thepioneerwoman.com