ရှေးယခင်တုန်းကဆိုရင် မီးဖိုချောင်နဲ့ ပတ်သက်တဲ့နည်းလမ်းကောင်းများ၊ ဟင်းချက်နည်းများကို အဘွားမှတစ်ဆင့် အမေ၊ အမေမှာ တစ်ဆင့် သားသမီးများ အဆင့်ဆင့် လက်ဆင့်ကမ်း ဝေမျှခဲ့ကြတာပဲဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ အင်တာနက်ခေတ်ဆိုတဲ့အတိုင်း ဟင်းချက်နည်းအားလုံးနဲ့ မီးဖိုချောင်နဲ့ ပတ်သက်တဲ့ ဖြတ်လမ်းနည်းတွေ မှန်သမျှကို ဖုန်းလေး တစ်ချက်ပွတ်လိုက်တာနဲ့ အော်တိုသိနိုင်ပါပြီ။ ထိုနည်းလမ်းကောင်းတွေထဲကမှ ဟင်းချက်သူ အိမ်ရှင်မတိုင်း မဖြစ်မနေ သိထားသင့်တဲ့ နည်းလမ်းကောင်းအချို့ကို ထပ်မံဝေမျှပေးချင်ပါတယ်။

ဂျုံနယ်တဲ့အခါ ဂျုံသားကို ပိုမိုထူထဲစေချင်တယ်ဆိုရင်

မုန့်ဖုတ်ဆိုဒါနဲ့ ရှာလကာရည်ကို မဖြစ်မနေရောပေါင်းပြိး နယ်ပေးရပါမယ်။ ဒါမှ ဂျုံသားက နူးအိပြီးစားလို့ကောင်းမှာပဲဖြစ်ပါတယ်။

ကြက်ဥပြုတ်များ အခွံခွာရ လွယ်ကူစေရန်

တစ်ခါတစ်ရံ ကြက်ဥပြုတ်တွေ အခွံခွာတဲ့အခါ ကြက်ဥပြုတ်ရဲ့အသားများ အခွံနဲ့ ပဲ့ပါသွားလို့ စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ ကြက်ဥပြုတ်ပြီးတာနဲ့ ရေအေးထဲမှာ မိနစ်အနည်းငယ်ကြာ ထည့်စိမ်ထားလိုက်ပါ။

ကြက်ဥကို တစ်ခါတည်း အအေးခံရာလည်း ရောက်သလို ကြက်ဥကိုလည်း အလွယ်တကူအခွံခွာနိုင်သွားပါလိမ့်မယ်။

ငါးကိုင်ပြီးတဲ့အခါတိုင်း လက်မှာ ငါးညှီနံ့ မနံစေဖို့အတွက်

သင့်ရဲ့လက်ကို ရေအေးနဲ့ ဆေးလိုက်ပါ။ ထို့နောက် ရှာလကာရည်နဲ့ ပွတ်တိုက်ဆေးကြောပေးရပါမယ်။ ရှာလကာရည်နဲ့ မဆေးချင်ဘူးဆိုရင်တော့ သံပုယိုသီးနဲ့ ပွတ်တိုက်ဆေးကြောနိုင်ပါသေးတယ်။

ဒိန်ခဲများ ဆီချေးစော်မနံဘဲ ကြာရှည်ခံဖို့ရန်အတွက်

ဒိန်ခဲကို ပလပ်စတစ်အိတ်နဲ့ ထုပ်ပိုးထားမယ့်အစား အစားအစာ ထုပ်ပိုးတဲ့စက္ကူစနဲ့ ထုပ်ပိုးပေးလိုက်ပါ။

မျက်ရည်မကျဘဲ ကြက်သွန်နီခွာချင်တယ်ဆိုရင်တော့

ကြက်သွန်နီလှီးဖြတ်မယ့်ဓားကို ရေအေးထဲမှာ စိမ်ထားပေးလိုက်ပါ။ ရေစိုနေတဲ့ဓားက မျက်ရည်မထွက်အောင် ကူညီပေးပါလိမ့်မယ်။

အာလူးပြုတ်ပြီးနောက် အာလူးကို အလွယ်တကူအခွံခွာနိုင်ဖို့အတွက်

အာလူးကို ရေခဲတုံးများ ထည့်ထားတဲ့ ရေအေးထဲမှာ နှစ်မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။

ပူနေတဲ့ဖျော်ရည်တစ်မျိုးမျိုးကို အလျင်အမြန်အေးစေချင်တယ်ဆိုရင်တော့

ဇလုံတစ်လုံးထဲမှာ ရေခဲတုံးထည့်ပြီးနောက် ထိုရေခဲတုံးနှင့်အတူ ဆားများပါ ရောထည့်ပေးလိုက်ပါ။ ပြီးရင် ပူနေတဲ့ဖျော်ရည်ကို ထိုရေခဲတုံးကြားထဲ ထည့်ထားပေးလိုက်ပါ။

ကြက်သွန်နီရဲ့ ခါးသက်တဲ့အရသာ ပျောက်ကင်းသွားဖို့ရန်အတွက်

ကြက်သွန်နီများ လှီးဖြတ်ပြီးနောက် ပန်းကန်လုံးတစ်လုံးထဲထည့်ကာ ရေနွေးပူထဲမှာ နှစ်မိနစ်ခန့် စိမ်ထားပေးလိုက်ပါ။ ဒါဆိုရင်တော့ မခါးတော့ပါဘူး။

ကြက်သွန်နီ လှီးဖြတ်တဲ့အခါ ဓားရှမခံရဖို့အတွက်

ပုံအမှန်ထဲမှာ ပြထားတဲ့အတိုင်း လက်ကို ကွေးထားပြီး လှီးဖြတ်ပေးရပါမယ်။ ကျွမ်းကျင်စားဖိုမှူးများလည်း ထိုလက်အနေအထားအတိုင်း ကြက်သွန်နီလှီးဖြတ်ကြတာပဲဖြစ်ပါတယ်။

Source: Brightside.me