အခုလို တိုးတက်တဲ့ လူမှုအဖွဲ့အစည်းတွေမှာ အသည်းအဆီဖုံးရောဂါတွေ အဖြစ်များလာကြပါတယ်။

အသည်းအဆီဖုံးနေရင် ကျန်းမာရေးကို အရမ်းထိခိုက်စေပြီး မောပန်းတာ၊ ရောင်ရမ်းတာ နဲ့ တခြား ရောဂါတွေဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ကျန်းမာ ပျော်ရွှင်တဲ့ ဘဝကို ရရှိဖို့ ကောင်းမွန်တဲ့ အစာအာဟာရတွေစားဖို့ လိုအပ်သလို လေ့ကျင့်ခန်းတွေလည်း လုပ်ဖို့လိုအပ်ပါတယ်။

အသည်းအဆီဖုံးရခြင်းရဲ့ အကြောင်းအရင်း

အသည်းအဆီဖုံးရတဲ့ အဓိက အကြောင်းအရင်းကို ရှင်းရှင်းလင်းလင်း မသိကြပေမယ့် ဖြစ်နိုင်တဲ့ အကြောင်းအရင်းတချို့တော့ ရှိပါတယ်။

  • ဇီဝကမ္မ ပြဿနာများကြောင့်
  • စိတ်ဖိစီးမှုကြောင့်
  • အဝလွန်မှုကြောင့်
  • အာဟာရ ပြဿနာ
  • ဆီးချို
  • သကြားနဲ့ အဆီများ
  • ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကြောင့် စသည်တို့ဖြစ်ပါတယ်။

အသည်းအဆီဖုံးတာကို ကာကွယ်ဖို့

အဓိကကတော့ ကယ်လိုရီကို ထိန်းချုပ်စားသောက်ဖို့ လိုအပ်ပါတယ်။ စားသင့်တဲ့ အစားအစာများ

အမျှင်ဓာတ်ပါတဲ့ အစားအစာများ

အမျှင်ဓာတ်ပါတဲ့ အစားအစာတွေကို စားသုံးရင် ခန္ဓာကိုယ်က အဆီတွေနဲ့သကြားတွေစုပ်ယူမှုကို ထိန်းညှိပေးပါတယ်။

ပေါင်မုန့်၊ ဆန် နဲ့ Pasta

အစိမ်းရောင် ဟင်းသီးဟင်းရွက်များ

သကြားကို ရှောင်ကျဉ်ပါ။

ဗီတာမင် A,C နဲ့E ပါဝင်တဲ့ အစားအစာများကို စားပါ။

Selenium ဓာတ်

ဗရုံစေ့၊ မှို၊ သီဟိုစေ့တို့မှာ Selenium ဓာတ်ပါဝင်ပြီး စွမ်းအားမြင့်တဲ့ Antioxidants တစ်မျိုးဖြစ်ပါတယ်။ အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အရက်သောက်တာကို လျော့ပါ။ ဖြစ်နိုင်ရင် လုံးဝမသောက်ပါနဲ့။

သံပုရာသီး က အသည်းထဲမှာရှိတဲ့ အဆီတွေကို ချေဖျက်နိုင်စွမ်းရှိပါတယ်။ ဒါ့ကြောင့် သံပုရာရည်ဖျော်ရည်တို့ကို သောက်သုံးသင့်ပါတယ်။