ကြက်ဥခွံမှာ ကယ်လ်ဆီယမ်ဓါတ်တွေအများအပြားပါဝင်နေပါတယ်။
ဒါ့ကြောင့် အရိုးကို ကျန်းမာသန်စွမ်းစေပြီး သွေးကိုသန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်-ဂလင်း လည်ပင်ကြီးအကျိတ်ရှိသူတွေလည်း သောက်သုံးသင့်ပါတယ်။
အရိုး ကျန်းမာရေး နဲ့ သွေးသန့်စင်စေဖို့
ကြက်ဥအခွံ ၅ ခုကို ရေသေချာဆေးလိုက်ပါ။
ပြီးရင် အမှုန့်လေးတွေ ဖြစ်သွားတဲ့ထိ ညှက်နေအောင်ထောင်းပါ။
ပြီးရင် ရေ ၃ လီတာနဲ့ ထည့်ပြီးစိမ်ထားပေးပါ။
အဲဒီရေကို ရေခဲသေတ္တာထဲမှာ တစ်ပတ်လောက်ထည့်ထားပါ။ ပြီးရင်သောက်လိုက်ရုံပါပဲ။ တစ်ရက်ကို ၃ ခွက်သောက်ပေးရမှာဖြစ်ါတယ်။
တကယ်လို့ ဒီအတိုင်းမသောက်ချင်ဘူးဆိုရင် သံပုယိုသီး (သို့) သံပုရာသီး ညှစ်ထည့်ပေးပါ။
Thyroid (သိုင်းရွိုက်) သမားတွေအတွက်အကျိုးရှိတဲ့ ကြက်ဥအခွံ
ကြက်ဥအခွံ ၈ လုံးစာကိုယူပါ။ ရေသေချာဆေးပြီး အမှုန့်ကြိတ်လိုက်ပါ။ ပြီးရင် သံပုယိုသီး နှစ်လုံးကိုအရည်ညှစ်ပြီး ကြက်ဥအခွံကြိတ်ထားတဲ့ထဲထည့်ပါ။ ရေခဲသေတ္တာထဲမှာ ၂ ရက်လောက်ထည့်ထားပါ။ ကြက်ဥအခွံက နူးညံ့လာပါလိမ့်မယ်။
ပြီးရင် Brandy အရက် ၁ လီတာနဲ့ ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ပြီးရင်တစ်ပတ်လောက်ထပ်သိပ်ထားပါ။ အဲဒီနောက် တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ၄ ကြိမ်သောက်ပေးပါ။