အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မနက်ဖက်မှာ ထမင်းကြော် ရိုးရိုးလေး ကြော်စားချင်သူတွေအတွက် ကြက်ဥ ထမင်းကြော်ကြော်နည်းကို မျှဝေပေးချင်ပါတယ်။

ပြုလုပ်နည်း

  • ထမင်း ၁ ခွက်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၁ လုံး
  • ဆီအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ထမင်းကို ပဲငံပြာရည်နဲ့ နှယ်ထားလိုက်ပါ။

ပြီးရင်တော့ အိုးကို ဆီအပူပေးလိုက်ပြီး ကြက်ဥထည့်လိုက်ပါ။

အပေါ်ကနေ ထမင်းထည့်လိုက်ပါ။ ပြီးရင်သေချာလေး မွှေပေးလိုက်ပါ။

ထမင်းကို နည်းနည်းလေး ခြောက်သွားအောင်ကြော်ပေးလိုက်ပါ။ ဒါဆို စားလို့ရပါပြီနော်။

ငါးပိကြော်၊ ပဲငံပြာရည်နဲ့ စားလည်း အရသာရှိသလို ပဲပြုတ်နဲ့လည်း လိုက်ပါတယ်။ ကော်ဖီတစ်ခွက်ရယ် ထမင်းကြော်ရယ်ဆို မနက်ခင်းက ပြီးပြည့်စုံပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar