အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အစာပြေအဖြစ် စားလို့ရတဲ့ ကန်စွန်းဥ ချိုချိုလေး အိမ်မှာလုပ်စားလို့ရအောင်မျှဝေပေးသွားမှာဖြစ်ပါတယ်။

ပြုလုပ်ရတာလည်း ရိုးရှင်းလွယ်ကူပြီး ပြုလုပ်ရတာမခက်တာမို့ စာဖတ်သူတို့အားလုံး လိုက်လုပ်ပေးလို့ အဆင်ပြေမှာပါနော်။

ပါဝင်ပစ္စည်း

  • ကန်စွန်းဥ ၂ လုံးခန့်
  • ဆီ
  • သကြား စားပွဲတင်ဇွန်း ၃ ဇွန်း
  • နှမ်းဆီ အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကန်ဇွန်းဥကို ရေဆေးပြီး အတုံးသေးသေးလေး လှီးလိုက်ပါ။

ရေသေချာဆေးလိုက်ပြီး ရေဆစ်လိုက်ပါ။

အဲဒီနောက် ဆီပူပူထဲမှာ ထည့်ကြော်လိုက်ပါ။

ရပြီဆိုရင် ဆီဆစ်ထားလိုက်ပါ။

အိုးထဲမှာ ဆီနည်းနည်း၊ သကြားထည့်ပြီး အနည်းငယ် မွှေပေးလိုက်ပါ။

ကန်စွန်းဥကြော်ကိုထည့်လိုက်ပါ။

သေချာမွှေပေးလိုက်ပြီး နှမ်းလှော်ကို အပေါ်ကနေ ဖြူးပေးလိုက်ပါ။

ပူပူလေး သုံးဆောင်လို့ရပါပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar