အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ခရမ်းသီးကြိုက်တဲ့သူတွေအတွက် ကြက်သား/ဝက်သားနဲ့အတူတူ ချက်စားလို့ရတဲ့ ခရမ်းသီး နူးနူးအိအိလေးချက်စားနည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကြက်သား (သို့) ဝက်သား အနည်းငယ်
  • ခရမ်းသီး အသေး ၅ လုံး
  • ကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆီ
  • ဂျင်း ၃ပြား

  • ကြက်သွန်ဖြူ အနည်းငယ်
  • ကြက်သွန်မြိတ် ၂ ပင်
  • ဆား အနည်းငယ်
  • သကြားအနည်းငယ်

  • တရုတ် Black Vinegar လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည်အနှောက်၊ အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ရေ ခွက်တစ်ဝက်

ပြုလုပ်နည်း

ဝက်သား (သို့) ကြက်သားကို ကော်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ နယ်လိုက်ပါ။ ခရမ်းသီးကိုလည်း ရေဆေးပြီးခြောက်အောင်ထားလိုကပါ။ အဲဒီနောက် ၂ လက်မခွဲအရွယ်လောက် လှီးပေးလိုက်ပြီးတော့ ကော်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း နဲ့ နယ်ပေးလိုက်ပါ။

အဲဒီနောက် ဆီကိုအပူပေးလိုက်ပြီး ခရ်းသီးကိုထည့်ကြော်လိုက်ပါ။ ရပြီဆိုရင်တော့ ဆီဆစ်ထားလိုက်ပါ။

ဆီအနည်းငယ်ကို အပူထပ်ပေးပြီး ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်မှာပါတဲ့ အမြီးပိုင်းကိုထည့်လိုက်ပြီး စက္ကန့် ၃၀ လောက်မွှေပေးလိုက်ပါ။အသားထည့်လိုက်ပါ။

ပြီးရင်တော့ ခရမ်းသီး၊ ရှာလကာရည်၊ ပဲငံပြာရည်အကြည်/အနှောက် နဲ့ ကြက်သွန်မြိတ် အပေါ်ပိုင်းကိုထည့်လိုက်ပါ။ ရေ ခွက်တစ်ဝက်ထည့်လိုက်ပါ။

အပူချိန်ကိုမြင့်လိုက်ပြီးသေချာလေးမွှေပေးလိုက်ပါ။ ရေလည်းခမ်းသွားပြီး မိမိနှစ်သက်တဲ့အနေအထားရပြီဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar