[Unicode]

ဒယ်အိုးပြားလို့ဆိုရမှာ အိုးမကပ်စေတဲ့ သံကြွပ်ဒယ်အိုးပြားတွေကို ဆိုလိုပါတယ်။ ဒီဒယ်အိုးပြားတွေဟာ အိမ်ရှင်မတွေအကြိုက်ပါ။ Chemical တွေ အစားအစာထဲဝင်မှာ စိုးရိမ်စရာမလိုတဲ့အပြင် အပူကို ကောင်းကောင်းရစေပါတယ်။ ဒါပေမယ့် ပထမဆုံးအကြိမ် ဒီ ဒယ်အိုးပြားနဲ့ ချက်ပြုတ်တဲ့အခါ ဘယ်လို သန့်ရှင်းရမလဲဆိုတဲ့ နည်းနည်းတော့ ဒုက္ခရောက်ပါတယ်။ နည်းလမ်းလေးအချို့ကို မျှဝေချင်ပါတယ်။

၁။ ပထမဆုံး နည်းလမ်းကတော့ ပေါ့ပေါ့ပါးပါး ချက်ပြုတ်ပြီး ညစ်ပတ်နေတဲ့ ဒယ်အိုးကို သန့်စင်တဲ့ အခါ သုံးရင် အဆင်ပြေပါတယ်။ ဥပမာ- ကြက်ဥ ကြော်တာတို့ ဟင်းရွက်ကြောတာတို့ လောက်ပဲ သုံးထားတဲ့ ဒယ်အိုးမျိုးပေါ့။ ဒယ်အိုးထဲကို ဆီနည်းနည်းလောင်းထည့်လိုက်ပါ။ ပြီးရင် ဆီစုပ် စက္ကူနဲ့ ပြောင်အောင် ပြန်သုတ်ပေးပါ။

ဟင်းချက်ပြီး ကျန်ခဲ့တဲ့ အစအနတွေကိုလည်း ဖယ်ထုတ်ပြီး သုတ်ပစ်ပါ။ ဒါက ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းပါ။ ဆီနဲ့ သန့်လိုက်တဲ့ အတွက် နောက်တခါ ချက်ဖို့လည်း အဆင်သင့်ဖြစ်နေမှာပါ။

၂။ ဒုတိယနည်းကတော့ နည်းနည်းပိုပြီး ညစ်ပတ်နေတဲ့ ဒယ်အိုး အတွက်ပါ။

ပထမဆုံး ပန်းကန်ဆေးတဲ့ အဝတ်ဖတ်နဲ့ အိုးကို ပွတ်လိုက်ပါ။ ပြီးရင် ဆားနည်းနည်း ထည့်ပြီး စက္ကူနဲ့ ပွတ်တိုက်ပေးပါ။ အိုးထဲမှာ ရှိနေတဲ့ အစားအစာတွေကိုလည်း ဖယ်ထုတ်ပြီး သုတ်ပါ။ အားလုံး ပြောင်ရင်တော့ ဆီနည်းနည်း ထည့်ပြီး ပွတ်ထားလိုက်ပါ။

၃။ တတိယနည်းကတော့ အနံ့ရှိတဲ့ အသားတွေ ချက်ပြုတ်ထားတဲ့ အခါ သန့်တဲ့ နည်းပါ။ စတီးဖတ်ပါ အသုံးပြုပါတယ်။ စတီးဖတ်ကို အတင်းဖိ မတိုက်ဘဲ ခပ်ဖွဖွ တိုက်ပါ။

ပြီးရင် ရေခပ်နွေးနွေး လောင်းထည့်ထားပါ။ ခဏနေပြီး စတီးဖတ်နဲ့ တိုက်ပြီး ဟင်းကျန်တွေကို ဖယ်ပါ။ ရေလောင်းပါ။ ဆပ်ပြာနည်းနည်း သုံးပေးပါ။ တစ်ခု သတိထားရမှာက ဘယ်တော့မှ ဒယ်အိုးပြားကို ရေထဲ နှစ်မထားပါနဲ့။ ရေထည့်ပြီး အကြာကြီးစိမ်ထားတာမျိုးလည်း မလုပ်မိပါစေနဲ့။

ဒါဆို ခဏလေးနဲ့ ပျက်တတ်ပါတယ်။ ဒယ်အိုးကို အခြောက်ခံတဲ့ အခါ အပူနည်းနည်းလေး ပေးပြီး အခြောက်ခံတာ အကောင်းဆုံးပါ။ အားလုံးပြီးရင်တော့ ဆီနည်းနည်း သုတ်ထားလိုက်ပါ။

တခြားနည်းလမ်းလေးတွေ ရှိရင်လည်း Comment မှာ မျှဝေခဲ့ကြပါဦးနော်။

Featured Image Source: seriouseats.com

Credit: thepioneerwoman.com

[Zawgyi]

ဒယ္အုိးျပားလို႔ဆိုရမွာ အိုးမကပ္ေစတဲ့ သံၾကြပ္ဒယ္အိုးျပားေတြကို ဆိုလိုပါတယ္။ ဒီဒယ္အိုးျပားေတြဟာ အိမ္ရွင္မေတြအႀကိဳက္ပါ။ Chemical ေတြ အစားအစာထဲ၀င္မွာ စိုးရိမ္စရာမလိုတဲ့အျပင္ အပူကို ေကာင္းေကာင္းရေစပါတယ္။ ဒါေပမယ့္ ပထမဆံုးအႀကိမ္ ဒီ ဒယ္အိုးျပားနဲ႔ ခ်က္ျပဳတ္တဲ့အခါ ဘယ္လို သန္႔ရွင္းရမလဲဆိုတဲ့ နည္းနည္းေတာ့ ဒုကၡေရာက္ပါတယ္။ နည္းလမ္းေလးအခ်ိဳ႕ကို မွ်ေ၀ခ်င္ပါတယ္။

၁။ ပထမဆံုး နည္းလမ္းကေတာ့ ေပါ့ေပါ့ပါးပါး ခ်က္ျပဳတ္ၿပီး ညစ္ပတ္ေနတဲ့ ဒယ္အိုးကို သန္႔စင္တဲ့ အခါ သံုးရင္ အဆင္ေျပပါတယ္။ ဥပမာ- ၾကက္ဥ ေၾကာ္တာတို႔ ဟင္းရြက္ေၾကာတာတို႔ ေလာက္ပဲ သံုးထားတဲ့ ဒယ္အုိးမ်ိုးေပါ့။ ဒယ္အိုးထဲကို ဆီနည္းနည္းေလာင္းထည့္လိုက္ပါ။ ၿပီးရင္ ဆီစုပ္ စကၠဴနဲ႔ ေျပာင္ေအာင္ ျပန္သုတ္ေပးပါ။

ဟင္းခ်က္ၿပီး က်န္ခဲ့တဲ့ အစအနေတြကိုလည္း ဖယ္ထုတ္ၿပီး သုတ္ပစ္ပါ။ ဒါက ရိုးရွင္းၿပီး လြယ္ကူတဲ့ နည္းပါ။ ဆီနဲ႔ သန္႔လိုုက္တဲ့ အတြက္ ေနာက္တခါ ခ်က္ဖို႔လည္း အဆင္သင့္ျဖစ္ေနမွာပါ။

၂။ ဒုတိယနည္းကေတာ့ နည္းနည္းပိုၿပီး ညစ္ပတ္ေနတဲ့ ဒယ္အိုး အတြက္ပါ။

ပထမဆံုး ပန္းကန္ေဆးတဲ့ အ၀တ္ဖတ္နဲ႔ အိုးကို ပြတ္လိုုက္ပါ။ ၿပီးရင္ ဆားနည္းနည္း ထည့္ၿပီး စကၠဴနဲ႔ ပြတ္တိုက္ေပးပါ။ အိုးထဲမွာ ရွိေနတဲ့ အစားအစာေတြကိုလည္း ဖယ္ထုတ္ၿပီး သုတ္ပါ။ အားလုံး ေျပာင္ရင္ေတာ့ ဆီနည္းနည္း ထည့္ၿပီး ပြတ္ထားလုိက္ပါ။

၃။ တတိယနည္းကေတာ့ အနံ႔ရွိတဲ့ အသားေတြ ခ်က္ျပဳတ္ထားတဲ့ အခါ သန္႔တဲ့ နည္းပါ။ စတီးဖတ္ပါ အသံုးျပဳပါတယ္။ စတီးဖတ္ကို အတင္းဖိ မတိုက္ဘဲ ခပ္ဖြဖြ တိုုက္ပါ။

ၿပီးရင္ ေရခပ္ေႏြးေႏြး ေလာင္းထည့္ထားပါ။ ခဏေနၿပီး စတီးဖတ္နဲ႔ တိုက္ၿပီး ဟင္းက်န္ေတြကို ဖယ္ပါ။ ေရေလာင္းပါ။ ဆပ္ျပာနည္းနည္း သံုးေပးပါ။ တစ္ခု သတိထားရမွာက ဘယ္ေတာ့မွ ဒယ္အိုးျပားကို ေရထဲ ႏွစ္မထားပါနဲ႔။ ေရထည့္ၿပီး အၾကာႀကီးစိမ္ထားတာမ်ိဳးလည္း မလုပ္မိပါေစနဲ႔။

ဒါဆို ခဏေလးနဲ႔ ပ်က္တတ္ပါတယ္။ ဒယ္အိုးကို အေျခာက္ခံတဲ့ အခါ အပူနည္းနည္းေလး ေပးၿပီး အေျခာက္ခံတာ အေကာင္းဆံုးပါ။ အားလံုးၿပီးရင္ေတာ့ ဆီနည္းနည္း သုတ္ထားလိုက္ပါ။

တျခားနည္းလမ္းေလးေတြ ရွိရင္လည္း Comment မွာ မွ်ေ၀ခဲ့ၾကပါဦးေနာ္။

Featured Image Source: seriouseats.com

Credit: thepioneerwoman.com