တို့ဖူးကို တရုတ်လူမျိုးတွေက ကျန်းမာရေးအတွက်ကောင်းတဲ့ အစားအစာအဖြစ် ယုံကြည်စားသုံးကြပါတယ်။

တို့ဖူးက သူ့သဘာဝအတိုင်းဆို အရသာမရှိပါဘူး၊ ဒါ့ကြောင့် အရသာရှိရှိ ချက်စားဖို့အတွက် ခက်ခဲပါတယ်။

ဒီနည်းလမ်းကတော့ တို့ဖူးကို ဆား၊ ငရုတ်ကောင်းတို့နဲ့ နယ်ပြီး ချက်စားရတာ လွယ်ကူပြီး အရသာရှိတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။

တို့ဖူးကို ရွေးချယ်ရာမှာ

တို့ဖူးကို ရွေးချယ်ရာမှာ မာမာတောင့်တောင့် တို့ဖူးလေးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ အကယ်၍ တို့ဖူးက ပျော့ပျော့အိအိဖြစ်ပြီး ရေပါဝင်မှုများနေရင် အပေါ်ကနေ အနည်းငယ် ဖိပြီး ရေကို ထုတ်လိုက်ပါ။ မဟုတ်ရင် ကြော်လိုက်တဲ့အချိန်မှာ ပုံပျက်သွားနိုင်ပါတယ်။

အတွင်းရော အပြင်ရော တို့ဖူး ကြွပ်ကြွပ်လေးလိုချင်ရင် တို့ဖူးအတုံးကို ထူထူလေး တုံးပေးပါ။ အနည်းဆုံး ၂ စင်တီမီတာလောက် ထူအောင် တုံးပေးပါ။

ပါဝင်ပစ္စည်းများ

တို့ဖူး အတုံးကြီး ၂ တုံး

ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း

ကြက်သွန်မြိတ် ၁ ချောင်းကို ပါးပါးလှီးထားပါ

ငရုတ်ကောင်းမှုန့်၊ ဇီရာစေ့ အမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း နှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောပါ။

ပြုလုပ်နည်း

အတုံးကြီးကို ၂ စင်တီမီတာ ပတ်လည် တို့ဖူးအတုံးလေးတွေ လှီးလိုက်ပါ။၂ စင်တီမီတာ ပတ်လည် လှီးထားတဲ့ တို့ဖူးအတုံးလေးတွေကို တြိဂံပုံ လှီးလိုက်ပါ။“

တို့ဖူးတွေကို ဆားနဲ့ ငရုတ်ကောင်းနဲ့ နယ်လိုက်ပါ။

ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးလိုက်ပါ။ ဒယ်အိုးပူလာရင် တိုဖူးတွေထည့်လိုက်ပါ။ တစ်ဖက်က တို့ဖူးက ရွှေရောင်သန်းလာရင် နောက်တစ်ဖက်ကို လှည့်ကြော်လိုက်ပါ။ အနားသားတွေကိုလည်း ကြော်ပါ။

မီးပိတ်လိုက်ပြီး ပိုနေတဲ့ ဆီတွေကို သွန်လိုက်ပါ။ တို့ဖူးတွေကို ဆီစုပ် စက္ကူပေါ်တင်လိုက်ပါ။ တို့ဖူးတွေအပေါ်မှာ ကြက်သွန်မြိတ်လေးတွေဖြူးလိုက်ပြီး စားသုံးလို့ရပါပြီ။

Photos Credit: Chinasichuanfood