သံပုယိုသီးများကို မီးဖိုချောင်ထဲမှာ ထားထားမယ်ဆိုရင် မီးဖိုချောင်ရဲ့အနံ့လေးက မွှေးပျံနေတဲ့အပြင် ဟင်းချက်တဲ့အခါမှာလည်း သံပုယိုသီးက ဟင်းပွဲတိုင်းအတွက် အသုံးဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ မီးဖိုချောင်ထဲမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားများ၊ အညစ်အကြေးများကို သံပုယိုသီး အသုံးပြုပြီးလည်း ဖယ်ရှားနိုင်ပါသေးတယ်။

သင့်ရဲ့မီးဖိုချောင်ကို သန့်ရှင်းတောက်ပြောင်သွားစေချင်တယ်ဆိုရင်တော့ သံပုယိုသီးနဲ့ ဘယ်လိုသန့်ရှင်းရေးလုပ်ကြမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

သစ်သားစဉ်းနီတုံးကို အသစ်အတိုင်းပြန်ဖြစ်စေချင်တယ်ဆိုရင်

အရင်ဆုံး စဉ်းနီတုံးပေါ်ကို ဆားများဖြူးလိုက်ပါ။ သံပုယိုသိးကို ထက်ခြမ်း ခြမ်းလိုက်ပါ။ ထို့နောက် စဉ်းနီတုံးကို သံပုယိုသီးဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ ပွတ်တိုက်ပြီးတဲ့နောက်မှာ ၁၅ မိနစ်ခန့် စောင့်လိုက်ပါ။ ၁၅ မိနစ်ပြည့်မှ ရေမြှုပ်ဖော့တုံး (သို့) အဝတ်စတို့ အသုံးပြုပြီး ရေနွေးနွေးလေးဖြင့် ဆေးကြောသန့်စင်ပေးလိုက်ပါ။

မိုက်ခရိုဝေ့ဖ်ကို သန့်ရှင်းရေးလုပ်ချင်တယ်ဆိုရင်

မိုက်ခရိုဝေ့ဖ်ကို အသုံးပြုတာကြာတဲ့အခါ အထဲမှာဆီချေးဆော်အနံ့များ နံပြီး စေးကပ်ကပ်ဖြစ်နေတတ်ပါတယ်။

ပန်းကန်လုံးတစ်လုံးထဲမှာ ရေအေးအေးလေးထည့်လိုက်ပါ။ ထို့နောက် သံပုယိုသီးနှစ်လုံးကို ထက်ခြမ်းခြမ်းပြီး ရေအေးထဲထည့်လိုက်ပါ။ ထို့နောက် ထိုပန်းကန်လုံးကိုး မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး မိုက်ခရိုဝေ့ဖ်ကို ၅ မိနစ်ခန့် မီးအပူပေးလိုက်ပါ။ အချိန်ပြည့်ပါက မိုက်ခရိုဝေ့ဖ်ကို အဝတ်စဖြင့်သုတ်ပေးလိုက်ပါ။

သံချေးတက်နေသော မီးဖိုချောင်သုံးပစ္စည်းများအတွက်

သံပုယိုရည်ကို ဆားနဲ့ ရောနှောပြီးအနှစ်များဖြစ်အောင် ပြုလုပ်လိုက်ပါ။ ရရှိလာတဲ့ သံပုယို ဆားရည်ကို သံချေးတက်နေသောနေရာမှာ ပွတ်တိုက်ပေးလိုက်ပါ။ မိနစ်အနည်းငယ်ကြာ ပွတ်တိုက်ပြီးနောက် ၂ မိနစ်ခန့် ထပ်စောင့်ပေးလိုက်ပါ။ ပြီးမှ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။

ရေခဲသေတ္တာထဲမှာ အနံ့အသက်မွှေးပျံ့ဖို့ရန်အတွက်

ရေမြှုပ်ဖော့တုံးကို သံပုယိုရည်ထဲမှာ စိမ်ထားလိုက်ပါ။ ထိုရေမြှုပ်ဖော့တုးကို ရေခဲသေတ္တာထဲမျာ တစ်ညခန့် ထည့်ထားလိုက်ပါ။ မနက်ရောက်တဲ့အခါ သံပုယိုသီးရဲ့မွှေးပျံ့တဲ့ရနံ့လေးတွေ သင်းပျံ့နေမှာပဲဖြစ်ပါတယ်။

အမှိုက်ပုံးကို ညှီစို့စို့အနံ့မထွက်စေချင်ဘူးဆိုရင်

အရင်ဦးဆုံးသံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ ဝါဂွမ်းစ အနည်းငယ်ကို သံပုယိုရည်ထဲ နှစ်လိုက်ပါ။ ထို့နောက် အမှိုက်ပုံးရဲ့အောက်ခြေမှာ ထည့်ထားလိုက်ပါ။ ပြီးမှ အမှိုက်အိတ်ကို အမှိုက်ပုံးထဲ ထည့်ပေးလိုက်ပါ။

နောက်နည်းလမ်းတစ်မျိုးကတော့ သံပုယိုခွံများကို အမှိုက်ပုံးထဲ ထည့်ထားပေးဖို့ပါပဲ။ ဒါဆိုရင်တော့ သင့်အမှိုက်ပုံးက ညှီစို့စို့အနံ့တွေ ပျောက်သွားပြီး သံပုယိုသီးအနံ့နဲ့ သင်းပျံ့နေမှာပဲဖြစ်ပါတယ်။

Source: Purelyunrefined.com