MyFood Myanmar ကို အမြဲမပြတ် အားပေးလျက်ရှိတဲ့ စာဖတ်ချစ်ပရိတ်သတ်တွေထဲမှာ ဟင်းလျာချက်ပြုတ်ရတာကို နှစ်သက်သဘောကျသူတွေ ပါဝင်မယ်လို့ ထင်ပါတယ်။ ဟင်းချက်တာက လူအများစုဝါသနာပါရာဖြစ်တာကြောင့် ယခုတခါမှာ အရသာအလွန်ကောင်းမွန်ပြီး အရည်အသွေးစစ်မှန်ပြည့်ဝသည့် Bega Cheese (Distributed by Grand Cherry Xeno Trading) နှင့် MyFood Myanmar တို့ပူးပေါင်းကာ ဟင်းချက်ပြိုင်ပွဲအစီအစဉ်လေးတစ်ခုကို ဖန်တီးတင်ဆက်လိုက်ပါပြီ။ ဆုလက်ဆောင်အနေနဲ့လည်း ထိုက်ထိုက်တန်တန်ပေးအပ်သွားမှာဖြစ်လို့ စိတ်ပါဝင်စားကြမယ်လို့မျှော်လင့်ပါတယ်နော်။

ပြိုင်ပွဲပါဝင်တဲ့သူတွေအနေနဲ့ ဘာတွေလုပ်ရမလဲ။ 

  1. Bega Cheese ကို အသုံးပြုပြီး ကိုယ်အကြိုက်ဆုံး အပိုင်နိုင်ဆုံးလို့ ထင်တဲ့ ဟင်းလျာ(သို့) ကြိုက်နှစ်သက်ရာ Recipe ကို  အကောင်းဆုံး ပြင်ဆင်ချက်ပြုတ်ရမှာဖြစ်ပါတယ်။ ထို့နောက်မှာ ချက်ပြုတ်ပြီးသားဟင်းလျာကို မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး၍ ဟင်းလျာအတွက်လိုအပ်သော ပါဝင်ပစ္စည်းများ၊ ချက်နည်းပြုတ်နည်းတို့နှင့် အတူပူးတွဲကာ MyFood MyanmarFB Messenger သို့လည်းကောင်း၊ [email protected] သို့ အီးမေးလ်ဖြင့်သော်လည်းကောင်း နှစ်သက်ရာပုံစံဖြင့် ပေးပို့နိုင်ပါတယ်။
  2. Grand Cherry  Xeno Facebook Page  ကို Like and Follow လုပ်ရမှာဖြစ်ပြီး Follow လုပ်ထားတာကို Screenshot ရိုက်ထားတဲ့ ပုံကိုလည်း ထည့်သွင်းပေးပို့ရမှာဖြစ်ပါတယ်။

ပြိုင်ပွဲပုံစံက ဆန်းဆန်းပြားပြားလေးနဲ့ ပေါ့ပေါ့ပါးပါးလေးဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်ပါဝင်လိုက်ကြရအောင်လား။

ပေးအပ်သွားမည့် ဆုလက်ဆောင်များ

ပြိုင်ပွဲဝင်ပေးပို့သမျှ Recipes တွေအားလုံးထဲကမှ Like အများဆုံးရရှိသည့် ဆောင်းပါးပိုင်ရှင်သုံးဦးကို ရွေးချယ်ကာ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ဆိုပြီး ပေးအပ်သွားမှာပါ။ ချီးမြှင့်သွားမယ့် ဆုလက်ဆောင်တွေကတော့-

  • ပထမဆု – Orkide နေကြာဆီ ၁ လီတာ တစ်ဖာ (၁၂ ဗူး)၊ OKI Margarine 250g တစ်ဖာ (၂၄ ဗူး) နှင့် ဒေါ်လာ ၁၀၀
  • ဒုတိယဆု – Orkide နေကြာဆီ ၁ လီတာ (၆ ဗူး)၊ OKI Margarine 250g (၁၂ ဗူး) နှင့် ဒေါ်လာ ၅၀
  • တတိယဆု – Orkide နေကြာဆီ ၁ လီတာ (၃ ဗူး)၊ OKI Margarine 250g (၆ ဗူး) နှင့် ဒေါ်လာ ၃၀

ပြိုင်ပွဲအစီအစဉ်လေးကတော့ တကယ်ကိုစိတ်လှုပ်ရှားစရာပါပဲနော်။ အထူးသဖြင့် ဟင်းချက်ဝါသနာပါသူများအတွက် လက်စွမ်းပြနိုင်မယ့် အခွင့်အရေးကောင်းလေးပါ။ ဒါ့အပြင် ကိုယ်သိထားတဲ့ဟင်းချက်နည်းလေးတွေကို အခြားသူများနဲ့ ပြန်လည်ဝေမျှသလိုဖြစ်တာကြောင့် ပိုပြီးပျော်ရွှင်စရာကောင်းလှပါတယ်။ ဒါကြောင့် နောက်ဆုံးရက်မတိုင်ခင် လိုအပ်တဲ့အချက်လေးတွေနဲ့အညီ MyFood Myanmar ကို ပေးပို့လိုက်ကြစို့လား။

Bega Cheese

သြစတြေးလျနိုင်ငံရှိ လူကြိုက်အများဆုံး နို့ထွက်ပစ္စည်းထုတ်ကုန်အမှတ်တံဆိပ်များထဲတွင် တစ်ခုအပါအ၀င်ဖြစ်သည့် Bega Cheese ထုတ်ကုန်များဟာဆိုရင် နိုင်ငံတကာအသိအမှတ်ပြုထားပြီး အရည်အသွေးပြည့်ဝစစ်မှန်သည့်အတွက် မိမိအပါအ၀င် ချစ်မြတ်နိုးရသူများအတွက်ပါ အရသာရှိသော ဟင်းလျာများကို ချက်ပြုတ်ပေးရာတွင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။Bega Cheese တစ်ချပ်ချင်းစီဟာဆိုရင်လည်း အလွန်နူးညံ့ချောမွတ်သည့်အထိအတွေ့နှင့်  ပျစ်နှစ်သည့်ချိစ်အရသာကို အပြည့်အ၀ပေးစွမ်းနိုင်ပါတယ်။ အရည်အသွေးနှင့်အရသာမှာ ထူးကဲရုံသာမက ထုပ်ပိုးမှုပုံစံဟာလည်း အင်မတန်သပ်ရပ်လွန်းတာကြောင့် အိမ်ထောင်စုတိုင်းအတွက် အကောင်းဆုံးနဲ့အသင့်တော်ဆုံး အမှတ်တံဆိပ်တစ်ခုပါပဲ။

Bega Cheese ထုတ် ကုန် တွေကို တော့ City Mart နှင့်  Marketplace တို့ကဲ့သို့ စူပါမားကတ် တို့တွင် အလွယ် တကူ ၀ယ် ယူရရှိနိုင် ပါတယ် ။ အသေးစိတ်ကို သိရှိလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါ Grand Cherry Xeno Trading Company LimitedFacebook စာမျက်နှာတွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။

https://www.facebook.com/grandcherryxeno/