“လူတစ်ယောက်ရဲ့နှလုံးသားကို အပိုင်သိမ်းချင်တယ်ဆိုရင် ထိုသူကို အစားကောင်းတွေချက်ကျွေးပါ” ဆိုတဲ့ စကားလေးကို သင် ကြားဖူးမှာပါ။ ဟုတ်ပါတယ်။ ကိုယ်ချစ်တဲ့သူရဲ့နှလုံးသားထဲ ဝင်ရောက်ဖို့ဆိုရင် သူ့ရဲ့အစာအိမ်ကို ဗိုက်ပြည့်အောင် အရင်ဆုံးလုပ်ရမှာပါ။

အစားကောင်း အသောက်ကောင်းတွေ စားသောက်ဖို့အတွက် ဟင်းချက်တတ်စရာမလိုဘူးလို့ သင် ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါပေမဲ့ ဟင်းချက်တတ်တယ်ဆိုရင်တော့ ဟင်းမချက်တတ်တဲ့သူထက် သင်က အမြဲတမ်း တဗန်းသာနေပါတယ်။

သင်က တစ်ယောက်တည်းပဲ နေသည်ဖြစ်စေ၊ ကိုယ့် မိသားစုနဲ့ပဲ နေသည်ဖြစ်စေ တစ်ကွေ့မဟုတ် တစ်ကွေ့တော့ ဟင်းချက်ရမှာပဲဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်မပူပါနဲ့ သင့်ရဲ့ ဟင်းချက်စွမ်းရည်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းအချို့ရှိပါတယ်။

ကြက်သွန်ဖြူကို လွယ်လွယ်ကူကူနဲ့ လျင်လျင်မြန်မြန်အခွံခွာချင်တယ်ဆိုရင်

အခွံခွာမယ့် ကြက်သွန်ဖြူကို Microwave ထဲမှာ စက္ကန့် ၂၀ ခန့် ထည့်ထားလိုက်ပါ။ အမြင့်ဆုံးအပူချိန်နဲ့ ဖွင့်ထားရမှာပါ။ အချိန်ပြည့်တဲ့အခါ ထိုကြက်သွန်ဖြူကို အပြင်ထုတ်လိုက်တာနဲ့ ကြက်သွန်ဖြူရဲ့အခွံတွေက လွယ်လွယ်ကူကူအခွံကျွတ်သွားမှာပဲဖြစ်ပါတယ်။

ငါးကင်မယ်ဆိုရင်

ငါးကင်တဲ့အခါ ငါးရဲ့အသားက အကင်မီးဖိုပေါ်မှာ ကပ်နေတတ်တာမျိုးကြုံဖူးပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးကို အသုံးပြုကြည့်လိုက်ပါ။

သံပုယိုခြမ်းများကို အကင်မီးဖိုပေါ်မှာ အစီအရီတင်ထားလိုက်ပါ။ ထိုသံပုယိုခြမ်းများအပေါ်မှာ ငါးကို တင်ထားပြီး ကင်ပေးလိုက်ပါ။ သံပုယိုသီးရဲ့ အချဉ်အရသာက ငါးထဲ စိမ့်ဝင်သွားမယ့်အပြင် ငါးက မီးဖိုပေါ်မှာ ကပ်နေတော့မှာမဟုတ်ပါဘူး။

ပီဇာပူပူနွေးနွေးလေး စားချင်တယ်ဆိုရင်

မနေ့က ပီဇာတွေ အများကြီး ဝယ်ထားပြီး စားမကုန်လို့ ဒီနေ့ ပြန်နွေးစားချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် နည်းလမ်းလေးကို အသုံးပြုလိုက်ပါ။

ပီဇာကို ရိုးရိုးတန်းတန်းအပူပေးမယ်ဆိုရင် ပီဇာက ခြောက်ကပ်သွားပြီး မာသွားပါလိမ့်မယ်။ ဒါ့ကြောင့် Microwave ထဲထည့်ပြီး အပူပေးမယ်ဆိုရင် ပီဇာနဲ့အတူ ရေတစ်ခွက် ထည့်ထားလိုက်ပါ။ ရေရဲ့ရေငွေ့များက ပီဇာကို ခြောက်ကပ်မသွားအောင် ကူညီပေးပါလိမ့်မယ်။

အသားများ ကင်တဲ့အခါ ခြောက်ခြောက်ကပ်ကပ်ကြီးမဟုတ်ဘဲ အရည်ရွှမ်းရွှမ်းလေး စားချင်တယ်ဆိုရင်

အသားရဲ့ အလယ်ဗဟိုတည့်တည့်မှာ ရေခဲတုံး ထည့်ကင်လိုက်ပါ။ ရေခဲတုံးရဲ့အရည်ဓာတ်က အသားကင်ကို တူးခြစ်မသွားအောင် ကူညီပေးပြီး အရည်ရွှမ်းပြီး အရသာရှိစေမှာပဲဖြစ်ပါတယ်။

ကိုကာကိုလာနဲ့ အခြားသော သံဘူးအအေးများကို အလျင်အမြန်အေးစေချင်တယ်ဆိုရင်

ထိုအအေးဘူးကို တစ်သျှူးစလေးများနဲ့ ပတ်ထားလိုက်ပါ။ ပြီးမှ ရေခဲသေတ္တာထဲ ထည့်ထားလိုက်ပါ။ စက္ကန့်ပိုင်းအတွင်း အအေးဘူးက အေးသွားတာကို တွေ့မြင်ရပါလိမ့်မယ်။

Source: Brightside.me