အားလုံးပဲမင်္ဂလာပါနော်။ စာဖတ်သူတို့လည်း အားလုံးသိပြီးသားဖြစ်တဲ့ အာလူး ကြက်ဥကို ခရမ်းချဉ်သီးလေးနဲ့ ချက်စားလို့ရအောင် မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်ဥ ၃ လုံး
  • အာလူး အလယ်အလတ် ၂ လုံး
  • ကြက်သွန်နီ ၁ လုံး
  • ဂျင်းအနည်းငယ်
  • ခရမ်းချဉ်သီး ၂ လုံး

  • နနွင်းမှုန့်အနည်းငယ်
  • ငရုတ်သီးမှုန့်အနည်းငယ်
  • ဆီ
  • ဆားအနည်းငယ်

ပြုလုပ်နည်း

ကြက်ဥကို ကျက်အောင်ပြုတ်လိုက်ပါ။ ပြီးရင်အခွံခွာလိုက်ပါ။ ကြက်ဥကို ခြမ်းရင်လည်းရပါတယ်။ မခြမ်းဘဲနဲ့ အရာလေးပဲပေးလည်းရပါတယ်။

ပြီးရင်တော့ အာလူးကို အခွနွှာလိုက်ပြီး အတုံးလေးတွေလှီးလိုက်ပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။

ကြက်သွန်နီကိုလည်း တောက်တောက်စဉ်းပါ။

အရင်ဆုံး ဆီကိုအပူပေး၊ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်ထည့်လိုက်ပါ။ ခရမ်းချဉ်သီးထည့်လိုက်ပြီး ရေနည်းနည်းထည့်ပါ။ ခရမ်းချဉ်သီးပြဲလာရင် အာလူးထည့်လိုက်ပါ။

အဲဒီနောက် ကြက်ဥထည့်လိုက်ပါ။ ငံပြာရည်၊ ဆားနည်းနည်းထည့်ပြီး ရေနည်းနည်းဖြည့်လိုက်ပါ။

အာလူးကျက်သွားရင်တော့ မီးဖိုပေါ်က ချလို့ရပါပြီ။

Photo: www.blogexplore.com

By: MyFood Myanmar