အားလုံးပဲ မင်္ဂလာပါ။ ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်တဲ့အခါ အရသာရှိတဲ့ဟင်းပွဲများ ချက်ပြုတ်နိုင်ဖို့အတွက် စနစ်ကျတဲ့ ချက်နည်းပြုတ်နည်းတွေကို သိထားသင့်ပါတယ်။ ဒါမှ မိမိချက်ပြုတ်တဲ့ဟင်းပွဲက တူးသွားခြင်း၊ အရသာပျက်စီးသွားခြင်းတို့ မရှိမှာဖြစ်ပါတယ်။

ဒါ့ကြောင့် မီးဖိုချောင်ဝင်တဲ့ အိမ်ရှင်မတွေ၊ စားဖိုမှူးတွေအနေနဲ့ မဖြစ်မနေသိထားသင့်တဲ့ နည်းလမ်းတစ်ချို့ကို ဝေမျှပေးလိုက်ရပါတယ်။

နံနံပင်နှင့် အခြားအသီးအရွက်များ လှီးဖြတ်တဲ့အခါ

စဉ်းနီတုံးကို ဆားအနည်းငယ်ဖြူးထားလိုက်ပါ။ ဆားဖြူးထားခြင်းအားဖြင့် ဟင်းရွက်များ စဉ်းနီတုံးပေါ်မှာ ဟိုတစ်နေရာ ဒီတစ်နေရာ ပြန့်ကျဲမသွားအောင် ကူညီပေးပါလိမ့်မယ်။

ဟင်းခပ်မှုန့်များကို သိုလှောင်ထားဖို့ အကောင်းဆုံးနေရာကတော့

မှောင်ပြီး အေးတဲ့နေရာပဲဖြစ်ပါတယ်။ မီးဖိုနဲ့ နီးတဲ့နေရာ၊ နေအလင်းရောင် တိုက်ရိုက်ထိတွေ့မှုရှိတဲ့နေရာတွေမှာ ထားရှိမယ်ဆိုရင် ဟင်းခပ်မှုန့်ရဲ့အရသာက ပြောင်းလဲသွားတတ်လို့ပဲဖြစ်ပါတယ်။

အသားလုံးများ ကြော်စားတဲ့အခါ

ထိုင္းအမဲသားလံုး (Thai Beef Meatballs)

နမူနာအသားလုံး တစ်လုံးအရင်လုံးပြီး စမ်းကြော်ကြည့်လိုက်ပါ။ ဒါမှ အရသာအပေါ့အငန်ကို ပြုပြင်လို့ရမှာပါ။ ကြော်ပြီးမှ အရသာအပေါ့အငန်ထပ်ချိန်လို့ မရပါဘူး။

ပန်းဂေါ်ဖီကြော်တဲ့အခါ

ရေနဲ့ နွားနို့အနည်းငယ်ကို ရောပြီး ကြော်ကြည့်လိုက်ပါ။ ဒီလိုကြော်ခြင်းအားဖြင့် သင့်ရဲ့ပန်းဂေါ်ဖီက အရသာလည်း ပိုရှိမှာဖြစ်သလို အမြင်လည်း ပိုလှပါတယ်။

ကြက်ဥပြုတ်ကို လှီးဖြတ်တဲ့အခါ

လှီးဖြတ်မယ့်ဓားကို ရေနဲ့အရင် စိုအောင်ဆွတ်လိုက်ပါ။ ဒါဆိုရင်တော့ ဓားပေါ်မှာ ကြက်ဥအနှစ်များ ကပ်နေမှာမဟုတ်တော့ပါဘူး။

ဝက်သားပြားများကို တွန့်လိပ်မသွားဘဲ အပြားလိုက်အတိုင်းကြော်ချင်တယ်ဆိုရင်

ဝက်သားပြား မကြော်ခင်မှာ ရေအေးနဲ့အရင် စိမ်ထားပေးရပါမယ်။

ခဲဖတ်ဖြင့် ပတ်ထားပြီး အသား၊ ငါးများ ကင်တဲ့အခါ

Source: Grillingcompanion.com

ခဲဖတ်ကို အရင်ဦးဆုံး ဟင်းချက်စပရေးဖြင့် ပက်ဖြန်းပေးလိုက်ပါ။ ဒါမှ အသား၊ ငါးများက ခဲဖတ်မှာ ကပ်မနေမှာဘဲဖြစ်ပါတယ်။

ဖြူဖြူဖွေးနေတဲ့ ထမင်းလေး ချက်ပြုတ်ချင်တယ်ဆိုရင်တော့

ရေထဲသို့ သံပုယိုရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ချက်ပေးလိုက်ပါ။ သင့်ရဲ့ ထမင်းက ခါတိုင်းစားရတာထက် ပိုမိုနူးအိပြီး ဖြူဖွေးနေတာကို တွေ့ရမှာပါ။
Source: Ebaumsworld.com