အလုပ်များတဲ့သူတွေအဖို့နေ့စဉ်နေ့တိုင်းထမင်း ဟင်းကို အချိန်နဲ့အမျှ လုချက်နေရတာ ကြာလာတော့ စိတ်ပင်ပန်းတတ်ပါတယ်။ မအားလို့ဆိုပြီး အပြင်စာတွေပဲ နေ့တိုင်းဝယ်စားလို့ကလည်း မဖြစ်သေးပါဘူး။ ပိုက်ဆံအကုန်အကျလည်း များမယ့်အပြင် အပြင်စာတွေက အိမ်ထမင်း အိမ်ဟင်းလောက် အာဟာရပြည့်ဝမှာမဟုတ်ပါဘူး။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် အချိန်ကုန်သက်သာစေမယ့် နည်းလမ်းကောင်းအချို့ကို ဝေမျှပေးလိုက်ရပါတယ်။

တာရှည်အထားခံမယ့် အစားအစာများ ဝယ်ထားပါ

Source: news.europawire.eu

အာလူး၊ မုန်လာဥနီ စတဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆီ၊ ဆား စတဲ့ အခြေခံအစားအစာတွေကို တစ်ခါတည်း များများသာ ဝယ်ထားလိုက်ပါ။

ရယ်ဒီမိတ် ငါးသေတ္တာဘူးလေးတွေကို ဝယ်ထားပြီး ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားလိုက်ပါ။

ထိုငါးသေတ္တာဘူးလို စည်သွပ်ဘူးအစားအစာတွေက ချက်ပြုတ်ရတာလည်း အချိန်ကုန်သက်သာပြီး အလွယ်တကူစားသုံးနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်တွေ များများဝယ်ထားပါ

ဆီ၊ ဆားနဲ့ ဟင်းသီးဟင်းရွက်လေးတွေ ရှိရုံနဲ့တင် ဟင်းရွက်ကြော် ကြော်စားချင်တာလား၊ ဟင်းရွက်သုပ်စားချင်တာလား စသည်ဖြင့် အလွယ်တကူပဲ လုပ်စားနိုင်ပါသေးတယ်။

လှီးထားပြီးသား အသားများကိုသာ ဝယ်ယူပါ

Source: apfoodonline.com

အသား ငါးတွေ ဝယ်ယူတဲ့အခါ လုံးဝမကိုင်ရသေးတဲ့ ကြက်တစ်ကောင်လုံး၊ ငါးတစ်ကောင်လုံး ဝယ်တာထက်စာရင် ခုတ်ထစ်ပြီးသား အသား ငါးတွေကို ဝယ်ယူပါက အချိန်ကုန်သက်သာမှာပဲဖြစ်ပါတယ်။

တစ်ခါချက်ရင် အများကြီးချက်ပါ

Source: blog.questnutrition.com

ဟင်းတစ်ခါချက်ရင် နှစ်ရက်စာ၊ သုံးရက်စာလောက် ချက်ထားလိုက်ပါ။ အားလုံးချက်ပြီးသွားတဲ့အခါ တစ်ရက်စာကိုပဲ အိုးထဲမှာ ချန်ထားပြီး ကျန်တဲ့အစားအစာတွေကိုတော့ ဘူးတစ်ခုထဲ လုံအောင် သိမ်းထားကာ ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။ နောက်တစ်နေ့မနက်ကျမှ ပြန်နွှေးစားလိုက်ပါ။ အချိန်ကုန်သက်သာပါတယ်။

အချိန်တည်းမှာ ဟင်းပွဲနှစ်မျိုး ပြင်ဆင်ပါ

Source: groupon.ie

သင့် မီးဖိုချောင်မှာ မီးဖိုနှစ်ခု (သို့) ဒယ်အိုးနှစ်ခုရှိနေရင် ပိုအဆင်ပြေပါတယ်။ ဒါမှ ကြက်သားအိုးတည်တဲ့အချိန်မှာ အခြားတစ်အိုးမှာ အာလူးအိုးတည်တာပဲဖြစ်ဖြစ် ဟင်းရွက်ကြော်တာပဲဖြစ်ဖြစ် ချက်ပြုတ်နိုင်ပါတယ်။

အစားအစာများကို အတုံးသေးသေးလေးတွေပဲ တုံးထားပါ

Source: shutterstock.com

ဘာ့ကြောင့် အတုံးသေးပဲ တုံးခိုင်းလဲဆိုရင် အတုံးသေးတဲ့ အစားအစာတွေက အတုံးကြီးတဲ့အစားအစာတွေထက် အကျက်မြန်လို့ပဲဖြစ်ပါတယ်။

Source: Betterhealth.vic.gov.au