ဟင်းကို အရမ်းအကျွမ်းကျင်ကြီး မချက်တတ်ကြရင်တောင် မိမိစားချင်တဲ့ ဟင်းကိုတော့ ချက်စားချင်ကြပါတယ်။ ဟင်းချက်ဝါသနာမပါပေမယ့်လည်း မိမိစားချင်တာ ရှိရင် အလွယ်တကူ ချက်စားလို့ရအောင် ဟင်းချက်တာနဲ့ ပတ်သက်လို့ သိထားသင့်ပါတယ်။ နာမည်ကျော် စာဖိုးမှူးတွေအသုံးပြုလေ့ရှိတဲ့ ဟင်းချက်နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

ငရုတ်သီး အစေ့ကို ဖယ်လိုက်ပါ။ ပြီးရင် ရေအေးအေးနဲ့ ဆေးလိုက်ပါ။ အစပ်အနည်းငယ် သက်သာသွားမှာဖြစ်ပြီး အရသာမပျက်ပါဘူး။

အသီး၊ အရွက်ပြုတ်တဲ့အခါ ရေနွေးဆူဆူထဲကို ထည့်လိုက်တာမျိုးမဟုတ်ဘဲ ရေအေးအေးနဲ့ အသီးအရွက် စထည့်ပြီး ပြုတ်လိုက်ပါ။ အထူးသဖြင့် အာလူးပြုတ်တဲ့အခါမှာ ရေအေးနဲ့ အာလူးကို တပြိုင်တည်းထည့်ပြီး ပြုတ်သင့်ပါတယ်။

ကြက်သွန်နီလှီးတဲ့အခါမှာ အရင်ဆုံး ထက်ခြမ်းခြမ်းပြီး အခုပုံမှာပြထားသလို လှီးပေးပါ။

ဆီပူပြီး မပူသေးဘူးဆိုတာ သိဖို့အတွက် သစ်သားတူကို ထည့်ပြီး စမ်းသပ်နိုင်ပါတယ်။

ခရမ်းချဉ်သီးကို အရည်ထွက်အောင် မချက်ချင်ဘူးဆိုရင် ခရမ်းချဉ်သီးလှီးတဲ့အခါမှာ အစေ့ပေါ်အောင် မလှီးပါနဲ့။

ဟင်းမချက်ခင် အိုးကို အရင်ဆုံး အပူပေးလိုက်ပါ။