ကျန်းမာရေးအတွက် ဟင်းသီးဟင်းရွက်ကို နည်းမှန်းလမ်းမှန်နဲ့ ချက်စားဖို့ အရေးကြီးပါတယ်။ သင်အသုံးပြုတဲ့ အိုး၊ ဆီနဲ့ ဟင်းချက်နည်းတွေက ဟင်းသီးရွက်မှာပါဝင်တဲ့ အာဟာရ အပေါ် များစွာ သက်ရောက်မှုရှိပါတယ်။
ဘယ်လိုဆီသုံးမလဲ
ဟင်းသီးဟင်းရွက်ချက်ရာမှာ အရည်အသွေးမြင့် ဟင်းသီးဟင်းရွက် ဆီကို ပထမဆုံး ရွေးချယ်သုံးပါ။ မီးအပူချိန် မြင့်မြင့်မှာလည်း အဆင်ပြေပါတယ်။ နေကြာဆီ၊ နှမ်းဆီ စတာတွေကို သုံးနိုင်ပါတယ်။
ဘယ်လိုအိုးကိုသုံးမလဲ
ဟင်းသီးဟင်းရွက်ချက်ရာမှာ ဒယ်အိုး နဲ့ Pan အိုးတွေကို သုံးနိုင်ပါတယ်။
အငွေ့နဲ့ ပေါင်းပြီးချက်လို့ရတယ်
ဟင်းသီးဟင်းရွက်ချက်ရာမှာ ရေနွေးငွေ့နဲ့ ပေါင်းပြီးချက်ပေးလို့ရပါတယ်။ ရေနွေးငွေ့နဲ့ ပေါင်းချက်ပေးတာဟာ အသီးအရွက်မှာပါတဲ့ အာဟာရဓာတ်ကို ပိုပြီးရရှိစေသလို အရောင်လည်း ပိုလှပါတယ်။
မီးအပူချိန်ပြင်းပြင်းနဲ့ချက်ပါ
ဟင်းသီးဟင်းရွက်ချက်ရာမှာ ဆီနည်းနည်းကို အရင်ဆုံး ပူအောင်လုပ်ပြီး မီးအပူချိန်ပြင်းပြင်းနဲ့ ချက်ပေးပါ။ မီးပြင်းပြင်းနဲ့မချက်ဘူးဆိုရင် အရွက်က နွမ်းပြီး ရင့်သွားတတ်ပါတယ်။ ဒါ့ကြောင့် ဝါးတဲ့အခါ အရသာရှိမှာမဟုတ်ပါဘူး။
ကင်ပြီးချက်ပါ
တချို့ ဟင်းသီးဟင်းရွက်တွေကို ကင်ပြီး၊ ဖုတ်ပြီးချက်တာ ပိုပြီးအရသာရှိပါတယ်။ ခရီးသီးမီးဖုတ်ဆိုလည်း အရသာရှိပါတယ်နော်။
Featured Image Source: morfood.co.uk




