ကြက်သွန်နီလှီးတိုင်း မျက်ရည်ထွက်နေတာကို ဘယ်လိုဖြေရှင်းကြမလဲ။ တချို့အသားကျနေတဲ့သူတွေကတော့ ကိစ္စမရှိပေမဲ့ တခါတလေမှ မီးဖိုချောင်ဝင်တဲ့ သူတွေအတွက်တော့ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။
ချွန်ထက်သော ဓါးကိုသုံးပါ
ချွန်ထက်တဲ့ ဓါးကိုသုံးပြီး လှီးပေးပါ။ ဒါဆို ကြက်သွန်နီရဲ့ အရည်တွေ သိပ်ပြီးထွက်လာတော့မှမဟုတ်လို့ မျက်ရည်ကျတော့မှမဟုတ်ပါဘူး။
မလှီးခင်မှာ အအေးခံထားပါ
ကြက်သွန်နီကိုမလှီးခင် ၁၅ မိနစ်အလိုမှာ ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားပါ။ ကြက်သွန်နီကနေထွက်လာမဲ့ အရည်ကို လျှော့ချပေးနိုင်ပါတယ်။ ဒီလိုအအေးခံထားလို့ ကြက်သွန်နီရဲ့ အရသာ အာနိသင်တွေ ပျက်သွားမှာတော့ စိတ်မပူပါနဲ့။ ဘာမှမပြောင်းလဲပါဘူး။
ပြောင်းပြန်လှီးပါ
ကြက်သွန်နီကို ထက်ခြမ်းခြမ်းလိုက်ပြီးရင် ခြမ်းထားတဲ့ဖက်ကနေ မလှီးဘဲ ခုံးတဲ့ဖက်ကနေလှီးပေးပါ။
ပေါင်မုန့်ကို ကိုက်ပြီးလှီးပါ
ကြက်သွန်နီလှီးချိန်မှာ မျက်ရည်ကျတာကို ရှောင်ဖို့အတွက် ကမ္ဘာပေါ်မှာရှိတဲ့လူတွေတော်တော်များများ ပေါင်မုန့် တစ်ချပ်ကို ကိုက်ပြီး ကြက်သွန်လှီးကြပါတယ်။ ဒါမှမဟုတ်လည်း ရေကို ငုံထားပြီး လှီးပေးနိုင်ပါတယ်။
မီးထွန်းထားတဲ့ ဖယောင်းတိုင်ရှေ့မှာလှီးပါ
မီးမထွန်းထားတဲ့ဖယောင်းတိုင်ကော မရဘူးလားဆိုတဲ့ မေးခွန်းရှိပါတယ်။ မရပါဘူး။ ကြက်သွန်နီကထွက်တဲ့ အရည်ကို လေထုထဲကနေ ပြန့်မသွားအောင် မီးက တားဆီးပေးမှာမို့ပါ။
လျှာကို အရှေ့ထုတ်ပြီး လှီးပါ
လျှာကို အရှေ့ထုတ်ပြီး လှီးတာကလည်း မျက်ရည်ကျတာကို သက်သာစေမှာပါ။