[Unicode]
ကြက်သွန်နီလှီးတိုင်း မျက်ရည်ထွက်နေတာကို ဘယ်လိုဖြေရှင်းကြမလဲ။ တချို့အသားကျနေတဲ့သူတွေကတော့ ကိစ္စမရှိပေမဲ့ တခါတလေမှ မီးဖိုချောင်ဝင်တဲ့ သူတွေအတွက်တော့ ဒါဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါပဲ။
ချွန်ထက်သော ဓါးကိုသုံးပါ
ချွန်ထက်တဲ့ ဓါးကိုသုံးပြီး လှီးပေးပါ။ ဒါဆို ကြက်သွန်နီရဲ့ အရည်တွေ သိပ်ပြီးထွက်လာတော့မှမဟုတ်လို့ မျက်ရည်ကျတော့မှမဟုတ်ပါဘူး။
မလှီးခင်မှာ အအေးခံထားပါ
ကြက်သွန်နီကိုမလှီးခင် ၁၅ မိနစ်အလိုမှာ ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားပါ။ ကြက်သွန်နီကနေထွက်လာမဲ့ အရည်ကို လျှော့ချပေးနိုင်ပါတယ်။ ဒီလိုအအေးခံထားလို့ ကြက်သွန်နီရဲ့ အရသာ အာနိသင်တွေ ပျက်သွားမှာတော့ စိတ်မပူပါနဲ့။ ဘာမှမပြောင်းလဲပါဘူး။
ပြောင်းပြန်လှီးပါ
ကြက်သွန်နီကို ထက်ခြမ်းခြမ်းလိုက်ပြီးရင် ခြမ်းထားတဲ့ဖက်ကနေ မလှီးဘဲ ခုံးတဲ့ဖက်ကနေလှီးပေးပါ။
ပေါင်မုန့်ကို ကိုက်ပြီးလှီးပါ
ကြက်သွန်နီလှီးချိန်မှာ မျက်ရည်ကျတာကို ရှောင်ဖို့အတွက် ကမ္ဘာပေါ်မှာရှိတဲ့လူတွေတော်တော်များများ ပေါင်မုန့် တစ်ချပ်ကို ကိုက်ပြီး ကြက်သွန်လှီးကြပါတယ်။ ဒါမှမဟုတ်လည်း ရေကို ငုံထားပြီး လှီးပေးနိုင်ပါတယ်။
မီးထွန်းထားတဲ့ ဖယောင်းတိုင်ရှေ့မှာလှီးပါ
မီးမထွန်းထားတဲ့ဖယောင်းတိုင်ကော မရဘူးလားဆိုတဲ့ မေးခွန်းရှိပါတယ်။ မရပါဘူး။ ကြက်သွန်နီကထွက်တဲ့ အရည်ကို လေထုထဲကနေ ပြန့်မသွားအောင် မီးက တားဆီးပေးမှာမို့ပါ။
လျှာကို အရှေ့ထုတ်ပြီး လှီးပါ
လျှာကို အရှေ့ထုတ်ပြီး လှီးတာကလည်း မျက်ရည်ကျတာကို သက်သာစေမှာပါ။
[Zawgyi]
ၾကက္သြန္နီလွီးတိုင္း မ်က္ရည္ထြက္ေနတာကို ဘယ္လိုေျဖရွင္းၾကမလဲ။ တခ်ိဳ႕အသားက်ေနတဲ့သူေတြကေတာ့ ကိစၥမရွိေပမဲ့ တခါတေလမွ မီးဖိုေခ်ာင္၀င္တဲ့ သူေတြအတြက္ေတာ့ ဒါဟာ ႀကီးမားတဲ့ စိန္ေခၚမႈတစ္ခုပါပဲ။
ခၽြန္ထက္ေသာ ဓါးကိုသံုးပါ
ခၽြန္ထက္တဲ့ ဓါးကိုသံုးၿပီး လွီးေပးပါ။ ဒါဆို ၾကက္သြန္နီရဲ့ အရည္ေတြ သိပ္ၿပီးထြက္လာေတာ့မွမဟုတ္လို႔ မ်က္ရည္က်ေတာ့မွမဟုတ္ပါဘူး။
မလွီးခင္မွာ အေအးခံထားပါ
ၾကက္သြန္နီကိုမလွီးခင္ ၁၅ မိနစ္အလိုမွာ ေရခဲေသတၱာထဲထည့္ၿပီး အေအးခံထားပါ။ ၾကက္သြန္နီကေနထြက္လာမဲ့ အရည္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ဒီလိုအေအးခံထားလို႔ ၾကက္သြန္နီရဲ့ အရသာ အာနိသင္ေတြ ပ်က္သြားမွာေတာ့ စိတ္မပူပါနဲ႔။ ဘာမွမေျပာင္းလဲပါဘူး။
ေျပာင္းျပန္လွီးပါ
ၾကက္သြန္နီကို ထက္ျခမ္းျခမ္းလိုက္ၿပီးရင္ ျခမ္းထားတဲ့ဖက္ကေန မလွီးဘဲ ခံုးတဲ့ဖက္ကေနလွီးေပးပါ။
ေပါင္မုန္႔ကို ကိုက္ၿပီးလွီးပါ
ၾကက္သြန္နီလွီးခ်ိန္မွာ မ်က္ရည္က်တာကို ေရွာင္ဖို႔အတြက္ ကမၻာေပၚမွာရွိတဲ့လူေတြေတာ္ေတာ္မ်ားမ်ား ေပါင္မုန္႔ တစ္ခ်ပ္ကို ကိုက္ၿပီး ၾကက္သြန္လွီးၾကပါတယ္။ ဒါမွမဟုတ္လည္း ေရကို ငံုထားၿပီး လွီးေပးႏိုင္ပါတယ္။
မီးထြန္းထားတဲ့ ဖေယာင္းတိုင္ေရွ႕မွာလွီးပါ
မီးမထြန္းထားတဲ့ဖေယာင္းတိုင္ေကာ မရဘူးလားဆိုတဲ့ ေမးခြန္းရွိပါတယ္။ မရပါဘူး။ ၾကက္သြန္နီကထြက္တဲ့ အရည္ကို ေလထုထဲကေန ျပန္႔မသြားေအာင္ မီးက တားဆီးေပးမွာမို႔ပါ။
လွ်ာကို အေရွ႕ထုတ္ၿပီး လွီးပါ
လွ်ာကို အေရွ႕ထုတ္ၿပီး လွီးတာကလည္း မ်က္ရည္က်တာကို သက္သာေစမွာပါ။