အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ချက်စားရလွယ်ကူပြီး အားလုံး ကြိုက်ကြမယ့် ပုစွန်ကြွပ်ကြော် ပူပူလေး လုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပုစွန် ၃၀ ကျပ်သား
  • ဝိုင် အနည်းငယ်
  • ငရုတ်ကောင်းမှုန့်
  • ဂျင်း အနည်းငယ် ပါးပါးလှီးပါ
  • ကြက်သွန်မြိတ် ပါးပါးလှီးပါ

  • ဆား အနည်းငယ်
  • ဆီ
  • ကြက်ဥ ၂ လုံး
  • ရေ ခွက် ၂/၃ ပုံ
  • ဂျုံမှုန့် ခွက် ၃/၄ ပုံ

ပြုလုပ်နည်း

အရင်ဆုံး ပုစွန်ကိုရေသေချာဆေးလိုက်ပါ။ အဲဒီနောက် ဝိုင် အနည်းငယ်၊ ငရုတ်ကောင်းမှုန့်၊ ဂျင်း အနည်းငယ်၊

ကြက်သွန်မြိတ်၊ ဆား အနည်းငယ် တို့ကိုရောပြီး နယ်ပေးလိုက်ပါ။

ပြီးရင် ခဏနှပ်ထားပါ။

အဲဒီနောက် ကြက်ဥ၊ ရေ၊ ဂျုံမှုန့်တို့ကို ရောပြီး ဖျော်လိုက်ပါ။ အဲဒီနောက် ပုစွန်ကိုထည့်ပြီး မွှေပေးလိုက်ပါ။

ပြီးရင်တော့ ပုစွန်ကို ဆီပူပူနဲ့ အရင်ထည့်ကြော်ပါ။

ကြွပ်ကြွပ်လေးနဲ့ ရပြီဆိုရင် သုံးဆောင်လို့ရပါပြီနော်။

Source: www.yumofchina.com

By: MyFood Myanmar