ရှမ်းပြည်နယ်က မြန်မာနိုင်ငံမှာ ဆွဲဆောင်မှုရှိပြီး အထင်ကရ စေတီပုထိုးတွေပေါများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ထင်ရှားပြီး လူကြိုက်များတဲ့ အစားအစာတွေနဲ့လည်း နာမည်ကျော်ပါတယ်။

ဒီတခါမှာတော့ ရှမ်းတိုင်းရင်းသားများရဲ့ အစားအစာတစ်ခုဖြစ်တဲ့ ရှမ်းခေါက်ဆွဲ ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ကြက်သား (သို့) ဝက်သား( တောက်တောက်စဉ်း) – ၁၀ ကျပ်သား
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်ဆင်းပါ)
  • ဂျင်း – အနည်းငယ် (နုတ်နုတ်စဉ်း)
  • ခရမ်းချဉ်သီး – ၄လုံး (ပါးပါးလှီးပါ)
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း

Source: pixabay.com

  • ပဲငပိ – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • အရောင်တင်မှုန့် အနည်းငယ်
  • မြေပဲလှော် ( မညက်တစ်ညက်ထောင်းပါ)

Source: Pngtree

  • ကြက်သွန်ဖြူအနည်းငယ် တောက်တောက်စဉ်းပါ
  • ရှမ်းခေါက်ဆွဲခေါက် – ၁ထုပ်

ပြုလုပ်နည်း

ရှမ်းခေါက်ဆွဲမှာ အဓိကအရေးကြီးဆုံးက ဟင်းအနှစ်ပဲဖြစ်ပါတယ်။ ဆီပူပူနဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းတို့ကို ဆီသတ်လိုက်ပါ။ ပြီးရင် အရောင်တင်မှုန့်အနည်း ထည့်ပြီးမွေပေးပါ။

အဲဒီနောက် ခရမ်းချဉ်သီးထည့်ပြီး ရေထည့်လိုက်ပါ။

ခရမ်းချဉ်သီးပြဲသွားပြီး အနှစ်ရပြီဆိုရင် ကြက်သား (သို့) ဝက်သားထည့်လိုက်ပါ။ အဲဒီနောက် ပဲငံပြာရည်၊ ပဲငပိတို့ကိုထည့်လိုက်ပါ။

အသားနူးဖို့အတွက် ရေနည်းနည်းထည့်ပြီး အုပ်ထားလိုက်ပါ။

အဆီပြန်လာပြီဆိုရင်တော့ အပေါ့အငံမြည်းကြည့်ပြီး မီးဖိုးပေါ်ကချပါ။

ရှမ်းခေါက်ဆွဲအခြောက်ကို ရေနွေးနဲ့ ပျော့လာတဲ့အထိ ပြုတ်ပေးလိုက်ပါ။ ပန်းကန်ထဲထည့်ပြီး ဟင်းအနှစ်ထည့်လိုက်ကာ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ မြေပဲထောင်း တို့ထည့်လိုက်ပြီး သုံးဆောင်လို့ရပါတယ်။

ဝက်ခေါက်ကြော်၊ ရှမ်းမုန်ညှင်းချဉ်တို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်နော်။ အရည်ကြိုက်ရင် ခေါက်ဆွဲပြုတ်ထားတဲ့ အရည်ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

By: MyFood Myanmar