အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသားအဓိကပါဝင်တဲ့ ကိုရီးယားထမင်းသုပ်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

  • ထမင်း ပန်းကန်လုံး ၃ လုံးစာ
  • ပဲပင်ပေါက် ပန်းကန်လုံး ၁ ခွက်ခွဲစာ
  • ဟင်းနုနွယ် (သို့) ရေမုန်ညှင်း တစ်စည်း
  • မုန်လာဥနီအကြီးတစ်လုံး
  • ကြက်သွန် ၂ မွှာ
  • ဆား
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • အမဲသား ၁ ပေါင်
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်ဥ ၄ လုံး
  • ကိုရီးယားကင်ချီ ပန်းကန်လုံးတစ်ဝက်
  • ကိုရီးယားငရုတ်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းစေ့အနည်းငယ် တို့ လိုအပ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်

ပွက်ပွက်ဆူနေတဲ့ရေထဲကို ပဲပင်ပေါက် တစ်မိနစ်ခန့် ပြုတ်လိုက်ပါ။

အဲ့ဒီရေနဲ့ပဲ ဟင်းနုနွယ် တစ်မိနစ်ခန့် ပြုတ်လိုက်ပါ။

ပြုတ်ပြီးသားပဲပင်ပေါက်နဲ့ ဟင်းနုနွယ်များကို ပန်းကန်းလုံးထဲ ထည့်ထားပါ။

နောက်တစ်ဆင့် အနေနဲ့ မီးပြင်းတိုက်ထားတဲ့ ဒယ်အိုးထဲ ဆီစားပွဲတင်ဇွန်း တစ်ဇွန်းထည့်ပြီး ပါးပါးလှီးထားတဲ့ မုန်လာဥနီများကို တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

အဲဒီ့နောက်မှာ ကြက်ဥ Half-Fried ကို အနှစ်မပေါက်စေဘဲ ကြော်လိုက်ပါ။

ပြီးရင် အဲ့ဒီဒယ်အိုးနဲ့ပဲ နုတ်နုတ်စင်းထားတဲ့ အမဲသားကို ပဲငံပြာရည်ထည့်ပြီး မိနစ်အနည်းငယ်ခန့် ကြော်ပေးလိုက်ပါ။

နောက်ဆုံးအဆင့်အနေနဲ့ ထမင်းတွေကို ဇလုံတစ်ခုထဲ ပေါင်းထည့်လိုက်ပြီး ကိုရီးယားကင်ချီအပြင် ခုနကပြင်ဆင်ထားတဲ့ ပဲပင်ပေါက်၊ ဟင်းနုနွယ်၊ မုန်လာဥနီ၊ အမဲသား၊ ကြက်ဥစတာတွေကို ထမင်းပေါ်မှာ တင်ပေးလိုက်ပါ။

နှမ်းစေ့အနည်းငယ်ဖြူးပြီး နှမ်းဆီလေးနဲ့ နယ်စားလိုက်မယ်ဆိုရင် အရသာကောင်းမွန်တဲ့ ကိုရီးယားထမင်းသုပ်ကို သုံးဆောင်နိုင်ပါပြီ။။

Source: Thewoksoflife.com