တရုတ်စတိုင်လ် ကြက်ဥ ထမင်းကြော်လေးကို မနက်ခင်းမှာ ကြော်စားလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် ၁ ချောင်း
  • ကြက်ဥ ၂ လုံး
  • ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ထမင်း ၂ ယောက်စာ

ပြုလုပ်နည်း

ကြက်သွန်မြိတ်ကို ရေဆေးပြီး ပါးပါးလှီးပါ။

ထမင်းကြော်တဲ့နေရာမှာ အဓိက အရေးကြီးတာက ထမင်းရဲ့ အနေအထားဘဲဖြစ်ပါတယ်။ ထမင်းရဲ့ အနေအထားက အရမ်းလည်း မစိုနေဖို့၊ မပျော့နေဖို့ လိုသလို၊ အရမ်းလည်း ခြောက်ကပ် မနေရပါဘူး။

အများအားဖြင့် ထမင်းချက်ပြီး၊ ရာသီဥတု သိပ်မပူ၊ သိပ်မအေးရင် အခန်းအပူချိန်မှာ ၆ နာရီလောက်ထားထားတဲ့ ထမင်းက အကောင်းဆုံးပါဘဲ။

ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီ ပူလာရင် ထမင်းကို ထည့်ပြီး ကြော်ပါ။ (အကယ်၍ ထမင်းက ချက်ပြီးခါစ ပျော့နေရင် အရင်ဆုံး ဆီမထည့်ဘဲ၊ ထမင်းချည်းဘဲ ဒယ်အိုးပေါ်မှာ အိုးပူတိုက်ပေးပါ။ ပြီးမှ ဆီထည့်ပါ။

ကြက်ဥ ထည့်ပြီး ကြော်ပါ။ ဆားထည့်ပြီး ထမင်းတွေ ကြက်ဥနဲ့ ရောသွားတဲ့အထိ ကြော်ပေးပါ။

ကြက်သွန်မြိတ်လေးထည့်ကြော်ပြီး အနံ့တွေ မွှေးသွားတဲ့အထိ ကြော်ပေးပါ။

ဒါဆိုရင် အနံ့လေးမွှေးပြီး အရသာရှိမယ့် ကြက်ဥ ထမင်းကြော်ကို စားလို့ရပါပြီ။

Photos Credit: China Sichuan Food