အားလုံးပဲမင်္ဂလာပါနော်။ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ခရမ်းသီးလိပ်လေး အိမ်မှာ အလွယ်တကူ လုပ်စားလို့ရအောင် မျှဝေပေးသွားပါမယ်နော်။
မိမိနှစ်သက်တဲ့ အသီးအရွက်၊ အသားတို့နဲ့ရောပြီး လိပ်ပေးလို့ရပါတယ်။
ပါဝင်ပစ္စည်း
- ခရမ်းသီးအရှည်သီး ၂ လုံး
- ဆီ
- ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်
လိပ်ထည့်ရန် အစာပလာ
- ပဲပင်ပေါက် အနည်းငယ်
- မုန်လာဥနီ အနည်းငယ်
- ဂေါ်ဖီထုပ်အနည်းငယ်
- ငရုတ်ပွသီးအနည်းငယ် (အရောင်စုံသုံးနိုင်ပါတယ်။)
- အပ်မှိုအနည်းငယ်
ဆော့လ်လုပ်ရန်
- ပဲငံပြာရည်
- ရှလကာရည်
- သကြား
- ပန်းသီးအရည် စတာတွေကို စားပွဲတင်ဇွန်း ၁ ဇွန်းဆီ ရောလိုက်ပါ။
ပြုလုပ်နည်း
အရင်ဆုံး အသီးအရွက်တွေကို ခပ်ပါးပါးလှီးလိုက်ပါ။ (ပြုတ်လို့လည်းရပါတယ်။ ဒီအတိုင်း အစိမ်းကြိုက်ရင် အစိမ်းအတိုင်းထည့်ပါ)
ခရမ်းသီးကို ပါးပါးလှီးလိုက်ပါ။
ပြီးရင်တော့ Pan အိုးထဲမှာ ဆီထည့်ပြီး ကြော်ပေးလိုက်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်ထည့်ပါ။
တစ်ဖက်ကျက်ရင် နောက်တစ်ဖက်လှည့်ပေးပါ။
ပြီးရင်တော့ အသီးအရွက်တွေကို ခရမ်းသီးထဲထည့်ပြီး လိပ်ပေးလိုက်ရုံပါပဲနော်။
Source: www.koreanbapsang.com
By: MyFood Myanmar