အားလုံးပဲမင်္ဂလာပါနော်။ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ခရမ်းသီးလိပ်လေး အိမ်မှာ အလွယ်တကူ လုပ်စားလို့ရအောင် မျှဝေပေးသွားပါမယ်နော်။

မိမိနှစ်သက်တဲ့ အသီးအရွက်၊ အသားတို့နဲ့ရောပြီး လိပ်ပေးလို့ရပါတယ်။

ပါဝင်ပစ္စည်း

  • ခရမ်းသီးအရှည်သီး ၂ လုံး
  • ဆီ
  • ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်

လိပ်ထည့်ရန် အစာပလာ

  • ပဲပင်ပေါက် အနည်းငယ်
  • မုန်လာဥနီ အနည်းငယ်
  • ဂေါ်ဖီထုပ်အနည်းငယ်
  • ငရုတ်ပွသီးအနည်းငယ် (အရောင်စုံသုံးနိုင်ပါတယ်။)
  • အပ်မှိုအနည်းငယ်

ဆော့လ်လုပ်ရန်

  • ပဲငံပြာရည်
  • ရှလကာရည်
  • သကြား
  • ပန်းသီးအရည် စတာတွေကို စားပွဲတင်ဇွန်း ၁ ဇွန်းဆီ ရောလိုက်ပါ။

ပြုလုပ်နည်း

အရင်ဆုံး အသီးအရွက်တွေကို ခပ်ပါးပါးလှီးလိုက်ပါ။ (ပြုတ်လို့လည်းရပါတယ်။ ဒီအတိုင်း အစိမ်းကြိုက်ရင် အစိမ်းအတိုင်းထည့်ပါ)

ခရမ်းသီးကို ပါးပါးလှီးလိုက်ပါ။

ပြီးရင်တော့ Pan အိုးထဲမှာ ဆီထည့်ပြီး ကြော်ပေးလိုက်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့်ထည့်ပါ။

တစ်ဖက်ကျက်ရင် နောက်တစ်ဖက်လှည့်ပေးပါ။

ခရမ်းသီးလိပ်လေး လိပ်စားကြမယ်

ပြီးရင်တော့ အသီးအရွက်တွေကို ခရမ်းသီးထဲထည့်ပြီး လိပ်ပေးလိုက်ရုံပါပဲနော်။

Source: www.koreanbapsang.com

By: MyFood Myanmar