သင်နေ့စဉ် စားသောက်နေတဲ့ အလေ့အကျင့်ကနေ ကယ်လိုရီ ၅၀၀ လောက် လျော့ချချင်ပါသလား။

လွယ်လွယ်ကူကူပါဘဲ။ ဒီအစားအစာတွေကို ရှောင်ကြဉ်လိုက်ပါ။

ရေခဲမုန့်

ရေခဲမုန့် စားမယ်ဆိုရင် ချောကလပ် ရေခဲမုန့်အစား အသီးအနှံတွေနဲ့လုပ်ထားတဲ့ ရေခဲမုန့်ကိုဘဲ စားသုံးပါ။

ဒီလို အနည်းငယ်ပြောင်းလိုက်ရုံနဲ့ ကယ်လိုရီ ၁၀၀ ကျော်လောက် လျော့နည်းသွားပါလိမ့်မယ်။

တူနာငါး

ကယ်လိုရီလျော့ကျအောင် စားသုံးတာက သင်ထားတာထက် အများကြီးပိုလွယ်ပါတယ်။

တူနာငါး သေတ္တာကို ဆီနဲ့ ချက်တာနဲ့ ရေနဲ့ ချက်တာရင် ကယ်လိုရီ ၁၉၀ ကနေ ၉ ၀ လောက်လျော့သွားပါတယ်။

ဒီလို ချက်ပြုတ်တဲ့ပုံစံပြောင်းလိုက်ပေမယ့် တူနာငါးမှာပါဝင်တဲ့ အာဟာရဓာတ်က မပြောင်းလဲသွားပါဘူး။

ဗီတာမင် A, B12, D နဲ့ E တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် အမိုင်နိုအက်ဆစ် နဲ့ တခြား သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။

ကွတ်ကီးတွေ အစား အသီးအနှံကို စားပါ

အဆာပြေ စားချင်ရင် ကွတ်ကီးတွေအစား အသီးအနှံတွေကို စားသုံးပေးပါ။ အသီးအနှံတွေထက် ကွတ်ကီးမှာ သကြားဓာတ်ပိုပြီးပါဝင်ပါတယ်။

အသီးအနှံတွေမှာ ဗီတာမင်တွေ သတ္တုဓာတ်တွေကြွယ်ဝစွာပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ပါတယ်။