အရှေ့တောင်အာရှရဲ့ စီးပွားရေးဈေးကွက်ဟာ တိုးတက်လာတာနဲ့အမျှ ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့လည်း ဈေးကွက်စီးပွားရေးကျယ်ပြန့်လာမှုနဲ့ပတ်သက်ပြီး အကျိုးသက်ရောက်မှုတွေခံစားရပါတယ်။ ဈေးကွက်စီးပွားရေးလို့ပြောလိုက်ရင် ထိပ်တန်းအနေနဲ့အရေးကြီးဆုံးကတော့ နိုင်ငံအရပ်ရပ်နဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အဓိကကျဆုံးတိုးတက်မှုကိုထောက်ပြရမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဟိုတယ်နဲ့ခရီးသွားလုပ်ငန်းဆိုင်ရာ Tourism နဲ့ Hospitality ဖက်မှာ နိုင်ငံအရပ်ရပ်မှ ရင်းနှီးမှုတွေ၊ ကုန်ရောင်းဝယ်မှုတွေ ကျယ်ပြန့်လာတာကိုတွေ့ရပါတယ်။

ဟိုတယ်အသစ်တွေကိုလည်း နိုင်ငံရပ်ခြားမှရင်းနှီးမြုပ်နှံမှုတွေနဲ့ အများအပြားတည်ဆောက်လာကြတာကိုလည်း မျက်မြင်ဖြစ်မှာပါ။ ဒီလို Tourism အပိုင်းတိုးတက်လာမှုဟာ ပြည်ပမှနိုင်ငံခြားစီးပွားရေးသမားများတွေရဲ့ စိတ်ဝင်စားမှုကိုခံရတာနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ အားလုံးလည်းသတိထားမိကြမှာပါ။ နိုင်ငံတကာမှာ နာမည်ကြီးတဲ့ စားသောက်ကုန်ပစ္စည်းတံဆိပ်များအပြင် Franchise စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များ၊ မုန့်တိုက်များ စတဲ့ပြည်ပမှအစားအသောက်အရသာမျိုးစုံကို ခံစားနိုင်တာပဲဖြစ်ပါတယ်။ ဒါတွေက ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်လာတဲ့ ရင်းနှီမြုပ်နှံမှုတွေကနေ ခံစားလာရတဲ့ အသီးအပွင့်တွေပဲဖြစ်ပါတယ်။

Food & Hotel Myanmar က ကျင်းပတဲ့ပဉ္စမကြိမ်မြောက် ဟိုတယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ အစားအသောက်ဆိုင်ရာကုန်သွယ်မှုပွဲတော်ကြီးကိုတော့ မင်းဓမ္မလမ်းပေါ်မှာရှိတဲ့သည့် Myanmar Event Park (MEP) မှာ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ မနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ယခင်နှစ်၂၀၁၇ တုန်းကတော့ နိုင်ငံပေါင်း၂၇ နိုင်ငံမှ ကုမ္ပဏီပေါင်း၂၃၀ ပါဝင်ခဲ့ပြီး ရိုးရာအစားအသောက်ခင်းကျင်းပြသမှုမှာတော့ ကိုရီးယား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ယိုးဒယား၊ တာကီနဲ့ အမေရိကန်နိုင်ငံကိုယ်စားပြုများမှ ဝင်ရောက်အားဖြည့်ခဲ့ပါတယ်။ ဝင်ပေါက်မှာတင် Register စာရင်းပေးသွင်းရုံနဲ့ ပြပွဲကိုဝင်ရောက်လေ့လာနိုင်တာမှာဖြစ်လို့ စိတ်ဝင်စားသူ ချစ်ပရိတ်သတ်များကို အခုပဲအသိပေးလိုက်ရပါတယ်။

ကိစ္စအမျိုးမျိုးကြောင့် မအားမလပ်သည့်အတွက် သွားရောက်မလည်ပတ်နိုင်သောသူများအတွက်လည်း MyFood Myanmar မှ ၁၁နာရီ ကနေ၂ နာကြားမှာ Live ထုတ်လွှင့်မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်လို့ Page လေးကို See First လုပ်ပြီး စောင့်မျှော်ပြီးကြည့်ရှုအားပေးကြပါအုံးလို့ သတင်းကောင်းပါးလိုက်ပါတယ်။