အခုနောက်ပိုင်း လူတွေတော်တော်များများဟာ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားနေကြပါတယ်။

ကင်ဆာ ရောဂါကာကွယ်နိုင်ဖို့ ကောင်းမွန်တဲ့ဘ၀ နေထိုင်နည်းတွေလိုအပ်သလို ကင်ဆာရောဂါဖြစ်စေတဲ့ Carcinogenic တွေနဲ့ ထိတွေ့မှုနည်းဖို့လည်းလိုအပ်ပါတယ်။ အများအားဖြင့် ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေမှာ Carcinogenic ဓာတ်တွေအများကြီးပါဝင်ပါတယ်။

အဲ့ဒီအပြင် အာဟာရကို မျှတအောင် စားနိုင်ဖို့လည်း အရေးကြီးပါတယ်။

ဒါ့ကြောင့် ရင်သား ကင်ဆာရောဂါကို ကာကွယ်နိုင်တဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

ပဲအမျိုးမျိုး

တစ်ပတ်မှာ ၂ ကြိမ်လောက် ပဲအမျိုးမျိုးကို စားပေးတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာရောဂါဖြစ်ပွားနိုင်ချေ နည်းတာကို တွေ့ရပါတယ်။ ပဲတွေမှာ အမျှင်ဓာတ်တွေပါဝင်ပြီး Antioxidants ဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

ဒါ့ကြောင့်ပဲတွေကို စားပေးခြင်းဖြင့် ရင်သားကင်ဆာသာမက အူမကြီးကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးတွေမှာ Antioxidants တွေအများကြီးပါဝင်တဲ့အပြင် Chlorogenic အက်ဆစ်တွေလည်း အများကြီးပါဝင်ပါတယ်။ ဒီလိုဓာတ်တွေက ကင်ဆာရောဂါကို တိုက်ဖျက်ရာမှာ အသုံးဝင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းတွေမှာ Sulfates ကွန်ပေါင်းတွေပါဝင်ပြီး ကင်ဆာရောဂါဖြစ်ပွားစေတဲ့ Carcinogenic ကွန်ပေါင်းတွေ တိုက်ဖျက်ရာမှာ အကောင်းဆုံးပါဘဲ။

Sulfates ကွန်ပေါင်းက ရင်သားကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ အင်ဇိုင်းတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူတွေမှာ Sulfur ဓာတ်တွေပါဝင်ပြီး အဲ့ဒီဓာတ်က အကြိတ်ဆဲလ်တွေကြီးထွားမှုကို တားမြစ်ပေးနိုင်ပါတယ်။

Green Tea

Green Tea မှာ ကင်ဆာဆဲလ်တွေဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ Antioxdiantsဓာတ်တွေအများကြီးပါဝင်ပါတယ်။

Featured Image Source: Purchase Medicine Online | Noida | Delhi | Ghaziabad | Faridabad