အားလုံးပဲမင်္ဂလာပါနော်။ ကြက်ဥလိပ်ထမင်းကြော်က အမြင်ပိုင်းမှာလည်း စားချင်စရာကောင်းသလို အရသာလည်းရှိလှပါတယ်။

ဆိုင်တိုင်းလိုလိုမှာ ရရှိပြီး အမြဲမှာစားဖြစ်တဲ့ ကြက်ဥလိပ်ထမင်းကြော်ကို ဘယ်လိုလုပ်စားရမလဲဆိုတာ မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ထမင်း ၁ လုံး
  • ကြက်သွန်နီ အကြီး တစ်ခြမ်း (အတုံးလေးတွေလှီးပါ)
  • ကြက်သွန်မြိတ် ခပ်ပါးပါးလှီးပါ
  • မုန်လာဥနီ ခပ်ပါးပါးလှီးပါ
  • အမဲသား (ကြက်သား(သို့) ဝက်သား ကြိုက်တာထည့်နိုင်ပါတယ်။) အနည်းငယ် ခပ်ပါးပါးလှီးပါ

  • ပဲငံပြာရည် အနည်းငယ်
  • ခရမ်းချဉ်သီးဆော့စ်အနည်းငယ်
  • ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆီ
  • ကြက်ဥ ၄ လုံး

ပြုလုပ်နည်း

အရင်ဆုံး ပါဝင်ပစ္စည်းတွေကို အတုံးလေးတွေလှီးလိုက်ပါ။

ပြီးရင်တော့ ဆီသပ်ပြီး ကြော်လိုက်ပါ။

ထမင်းထည့်လိုက်ပါ။

ဆား၊ ငရုတ်ကောင်းမှုန့်၊ ပဲငံပြာရည်နဲ့ ခရမ်းချဉ်သီးဆော့စ် အနည်းငယ်ထည့်ပါ။

သေချာမွှေပေးလိုက်ပါ။ ရပြီဆိုရင် မီးဖိုပေါ်ကချလိုက်ပါ။

ကြက်ဥကို ခပ်ပါးပါးလေး ထည့်ပြီးကျက်ပြီဆိုရင် စောစောကကြော်ထားတဲ့ ထမင်းကြော်ကို ကြက်ဥထဲထည့်လိုက်ပါ။

အဲဒီနောက် ဒယ်အိုးကို ပြောင်းပြန်လုပ်ပြီး မှောက်ချလိုက်ပါ။

အပြင်ကနေ သခွားသီး၊ ခရမ်းချဉ်သီး၊ ဆလပ်ရွက်တို့နဲ့ အလှဆင်ပြီး သုံးဆောင်နိုင်ပါပြီနော်။

Source: www.koreanbapsang.com

BY: MyFood Myanmar