အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အာလူးချောင်းကို အမြင်တစ်မျိုးလေးဆန်းစေပြီး အရသာရှိစေမယ့် အာလူးချောင်း မွှကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်း
- အာလူး မီးကင် ၄ လုံး
- ကြက်ဥ ၂ လုံး
- နို့ ခွက်တစ်ဝက်
- မိမိနှစ်သက်ရာ ဂျုံမှုန့် (သို့) ပြောင်းဖူးမှုန့် ၂ ခွက်
- ဆား အနည်းငယ်
- ငရုတ်ကောင်းမှုန့်အနည်းငယ်
- ကြက်သွန်ဖြူထောင်း အနည်းငယ်
- ငရုတ်သီးမှုန့်အနည်းငယ်
- ဆီ
ဆော့စ်လုပ်ရန်
- Mayonnaise ၁ ခွက်
- ခရမ်းချဉ်သီး ဆော့စ် အနည်းငယ်
- ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၄ ဇွန်း
ပြုလုပ်နည်း
အရင်ဆုံး အာလူးမီးကင်ကို အတုံးလေးတွေလှီးလိုက်ပါ။
ကြက်ဥ နဲ့ နို့ကို အတူတူရောလိုက်ပါ။
ပြီး၇င် ဂျုံမှုန့် ၊ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးမှုန့်တို့ကိုထည့်ပြီး မွှေပေးပါ။
ပြီးရင် အာလူးထည့်လိုက်ပြီး ခဏလောက် နှစ်ထားပါ။
ပြီးရင် ဆီကို အပူပေးလိုက်ပြီး တခါကြော်ရင် ၄ ၊ ၅ ခုလောက်ကြော်ပေးလိုက်ပါ။
ကြွပ်ကြွပ်လေးဖြစ်သွားရင် သုံးဆောင်လို့ရပါပြီ။
ဆော့စ်လုပ်တဲ့ ပါဝင်ပစ္စည်းတွေကို အတူတူရောလိုက်ပြီး အာလူးကြွပ်ကြော်လေးနဲ့ တို့စားလိုက်ပါ။
Source: www.mandyrecipeboxblog.com
By: MyFood Myanmar