အားလုံးပဲမင်္ဂလာပါနော်။ အစာပြေအဖြစ်လည်းစားလို့ရတယ်။ အရသာလည်းရှိပြီး လူတိုင်းလည်းကြိုက်နှစ်သက်တဲ့ ပုဇွန်ကော်ပြန့်လိပ်ကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကော်ပြန့်ရွက် – ၂၀ ရွက် (အသေး)
  • ပုဇွန်စိပ် မိမိနှစ်သက်သလောက် (အခွံနွှာပြီးခေါင်းဖြုတ်လိုက်ပြီး ပြုတ်လိုက်ပါ)
  • မုန်လာဥနီ ၁ ဥ (အရှည်လိုက် ပါးပါးလှီးပါ)
  • မိမိနှစ်သက်ရာအသီးအရွက် (ဥပမာ- ဂေါ်ဖီ၊ ပဲ)ကို ပါးပါးလှီးပါ
  • ခရုဆီအနည်းငယ်

  • ပဲငံပြာရည် (အကြည်) အနည်းငယ်
  • ဆားအနည်းငယ်
  • ကြက်သွန်မြိတ်အနည်းငယ် (တောက်တောက်စဉ်းပါ)
  • ကြက်သွန်ဖြူ ၂ မွှာမှ ၃ မွှာခန့် (တောက်တောက်စဉ်းပါ)

ပြုလုပ်နည်း

အရင်ဆုံး ပုဇွန်တွေကို အတုံးလေးတွေလှီးလိုက်ပါ။ အိုးထဲမှာ ဆီ ကြက်သွန်နဲ့ ဆီသပ်ပေးလိုက်ပါ။ပြီးရင်တော့ မုန်လာဥနီနဲ့ မိမိနှစ်သက်ရာ အသီးအရွက်တွေကိုထည့်ပါမယ်။ အသီးအရွက်တွေနူးဖို့အတွက် ရေ နည်းနည်းထည့်လိုက်ပါ။ ရေခန်းတဲ့အထိကြော်ပေးပါ။

ပြီးရင် ပုဇွန် ထည့်လိုက်ပါ။ ခရုဆီ၊ ပဲငံပြာရည်၊ ဆား၊ ကြက်သွန်မြိတ်ကိုထည့်ပြီး သေချာမွှေပေးလိုက်ပါ။ အပေါ့အငန်မြည်းပြီး ရပြီဆိုရင် မီးဖိုပေါ်ကချပြီး ပန်းကန်တစ်ခုထဲထည့်ထားလိုက်ပါမယ်။

ကော်ပြန့်ရွက်ထဲကို ထည့်ပြီးလိပ်ပေးလိုက်ပါ။ ပြီးရင်တော့ ဆီကိုအပူပေးပြီး ကြော်ပေးလိုက်ပါ။

ဆလတ်ရွက်နဲ့ဖြစ်ဖြစ်၊ဒီအတိုင်းဖြစ်ဖြစ် စားသုံးနိုင်ပါတယ်။

By: MyFood Myanmar