အားလုံးပဲမင်္ဂလာပါနော်။ အသီးလေးတွေကို ကိုယ်တိုင်စိုက်ပျိုးပြီး စားရရင် သိပ်ကိုအရသာရှိမှာပဲနော်။ အပင်စိုက်တာဝါသနာပါသူတွေအတွက် အစေ့ကနေ စိုက်လို့ရတဲ့ အပင်တွေကို မျှဝေပေးချင်ပါတယ်။

စာဖတ်သူတို့လည်းအကြိုက်တွေ့ကြမယ်ထင်ပါတယ်နော်။

၁။ သံပယိုသီး

မြေကြီးထဲမှာ တိုက်ရိုက်ထည့်ပြီး စိုက်လို့ရပါတယ်။ အစေ့ ၅ စေ့၊ ၁၀ စေ့ကို တခါတည်းထည့်လိုက်ပါ။ တချိုပအပင်တွေက အစေ့မပေါက်မှာစိုးလို့ပါနော်။ လတ်ဆတ်တဲ့ အစေ့ဆို ပိုကောင်းပါတယ်။ သံပယိုသီးက ရေကြိုက်ပါတယ်။ ဒါ့ကြောင့် ရေကို သေချာလောင်းပေးပါ။တစ်နေ့ကို နေ ၁၀ နာရီကနေ ၁၄ နာရီအထိလည်းလိုအပ်ပါတယ်။ အပင်ကြီးလာရင်တော့ နေရောင်ကို ၈ နာရီလိုပါတယ်။

အမြစ်နုတ်လို့ရတဲ့အထိ ကြီးလာရင်တော့ အိုးပြောင်းစိုက်ပါ။

၂။ ထောပတ်သီး

ထောပတ်သီးကို မြေကြီးထဲထည့်မစိုက်ခင်မှာ သွားကြားထိုးတံလေးနဲ့ အခုလို ထိုးပေးထားပြီး ရေခွက်ပေါ်တင်ထားပေးပါ။ နွေးတဲ့နေရာမှာထားပါ။ နေရောင်နဲ့ တိုက်ရိုက်ထိတဲ့နေရာရှောင်ပါ။ အမြစ်ထွက်လာမယ်ဆိုရင် အိုးထဲပြောင်းစိုက်ပါ။ အစေ့တစ်ဝက်ကိုပဲ မြုပ်ရပါမယ်။ မတ်နဲ့ ဇွန်လအတွင်းစိုက်ရင် ပိုကောင်းပါတယ်။ တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်ရေလောင်းပါ။

၃။ ချယ်ရီသီး

ချယ်ရီသီးကိုခြောက်သွေ့ပြီး လေလုံတဲ့ ပလတ်စတစ်ဘူးထဲကို ထည့်ပြီး ရေခဲသေတ္တာထဲ ၁၀ ပတ်လောက်ထားထားပါ။ အညှောင့်လေးထွက်လာရင် မြေကြီးထဲထည့်စိုက်ပါ။

နေရောင်နဲ့ လေကြိုက်ပါတယ်။ မြေသြဇာကောင်းပြီး သဲမြေကို နှစ်သက်ပါတယ်။ မြေက နည်းနည်းလေး စိုစွတ်နေရမယ်။ ခြောက်လာပြီဆိုရင် ရေလောင်းပါ။

၎။ မက်မွန်သီး

အစေ့လေးတွေကနေ စိုက်ပျိုလို့ရတဲ့ အပင်လေးတွေ

မက်မွန်သီးကိုတော့ စက္ကူထဲထုတ်ထားပြီး ရေခဲသေတ္တာထဲ ၈ ပတ်ထည့်ထားပါ။ အညှောင့်လေးထွက်လာရင် မြေကြီးထဲထည့်စိုက်ပါမယ်။ အညှာင့်လေးတွေထွက်လာရင်တော့ ပလတ်စတစ်အိတ်တစ်ခုနဲ့အုပ်လိုက်ပါ။ တစ်ချိန်တည်းမှာ အများကြီးစိုက်တာ ပိုကောင်းပါတယ်။ အပင်က ပထမနှစ်မှာ မဖြစ်ထွန်းတတ်လို့ပါ။

မြေကြီးက စိုစွတ်နေရင်မကြိုက်ပါဘူး။ နေလည်းမကြိုက်ပါဘူး။

ဒီအသီးလေးတွေကတော့ အစေ့လေးတွေကနေ စိုက်လို့ ရတဲ့အပင်လေးတွေနဲ့ စိုက်နည်း အကျဉ်းချုပ်ကို မျှဝေပေးခဲ့တာပါနော်။ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။

Source: www.brightside.me