အသီးအနှံတွေကိုစားသုံးတဲ့အခါမှာ တော်တော်များများ အခက်ကြုံလေ့ရှိတဲ့အချက်လေးတွေပေါ်မူတည်ပြီး သိထားသင့်တာလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီအချက်လေးတွေကိုသိထားမယ်ဆိုရင်တော့ ဘယ်လိုနေရာမျိုးပဲရောက်ရောက် ဘာပြဿနာမှမရှိတော့ဘူးနော်။

ဖရဲသီးစားဖို့ အစိတ်လေးတွေလှီးတဲ့အခါမှာ ဓားမရှိဘူးဆိုရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ထွေထွေထူးထူးစဉ်းစားနေစရာမလိုပါဘူး။ အပ်ချည်ကြိုးရှိနေရပါပြီ။ အပ်ချည်ကြိုးနဲ့ဖရဲသီးကို စိတ်လို့ရပါတယ်။

Source: www.youtube.com

ထောပတ်သီးခွဲတဲ့အခါမှာလည်း အစေ့ထုတ်ဖို့ခက်ခဲနေရင် ထောပတ်သီးကို သေချာကိုင်ထားပြီး ဓားနဲ့ ပတ်ပတ်လည်ကိုအရာပေးပြီး လှီးလိုက်ပါ။ ဒါဆိုရင်တော့ ထောပတ်သီးအစိတ်တွေကို လက်နဲ့အသာလေးဆွဲထုတ်လိုက်ရုံပါပဲ။ အစေ့လည်းလွယ်လွယ်နဲ့ထုတ်လို့ရသွားတာကို တွေ့၇မှာပါ။

Source: www.youtube.com

စတော်ဘယ်ရီသီးက အလယ်အူတိုင်နဲ့ သူ့ထိပ်ကအရွက်လေးကိုဖယ်မယ်ဆိုရင် ပိုက်ကိုအသုံးပြုပေးပါ။ စတော်ဘယ်ရီသီးကို အလယ်ကနေပိုက်လေးထိုးထည့်လိုက်မယ်ဆိုရင်တော့ အူတိုင်နဲ့ အရွက်ပါ တစ်ခါထဲပါသွားမှာပါ။

Source: www.youtube.com

သံပုယိုသီးကို အရည်ညှစ်တဲ့အခါမှာလည်း နောက်တစ်ခါပြန်သုံးချင်တယ်ဆိုရင် တစ်ခြမ်းမခြမ်းလိုက်ပါနဲ့။ သံပုယိုသီးကို သွားကြားထိုးတံလေးနဲ့တိုးပြီး ပေါက်သွားတဲ့အခါမှာတော့ ကိုယ်လိုသလောက်ပဲ အရည်ညှစ်လိုက်ပါ။ ဒါဆိုရင်တော့ နောက်တစ်ခေါက်ပြန်သုံးလို့ရသွားတာပေါ့။

Source: www.youtube.com

ငရုပ်သီးတောင့်အကြီးကြီးတွေကို စားချင်ပေမယ့် စပ်မှာကြောက်နေရင်တော့ ငရုပ်သီးတောင့်အကြီးကို ထိပ်ပိုင်းလှီးချလိုက်ပါ။ ပြီးရင်တော့ အထဲကအစေ့တွေအကုန်ထွက်သွားအောင် ခါချလိုက်ပါ။ အထဲကအစေ့တွေကုန်သွားမှ လှီးပြီးစားမယ်ဆိုရင်တော့ လုံးဝစပ်တော့မှာမဟုတ်ဘူးနော်။

Source: www.youtube.com

Featured Image Source: yesofcorsa.com